Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 11:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို့နောက် ငါ​က “​သင်​တို့​ကို ငါ​ထိန်းကျောင်း​တော့​မည်​မ​ဟုတ်​။ သေ​မည့်​အကောင်​လည်း သေ​ပါစေ​။ အသတ်​ခံရ​မည့်​အကောင်​လည်း အသတ်​ခံရ​ပါစေ​။ ကျန်​သော​အကောင်​တို့​သည်​လည်း အချင်းချင်း​၏​အသား​ကို ကိုက်စား​ကြ​ပါစေ​”​ဟု ဆို​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ထို​နောက်​ငါ​၏​သိုး​အုပ်​အား``ငါ​သည်​သင် တို့​၏​သိုး​ထိန်း​မ​လုပ်​လို​တော့​ပါ၊ သေ​ရ မည့်​သိုး​တို့​သည်​သေ​ကြ​ပါ​လေ​စေ။ အ​သတ် ခံ​ရ​မည့်​သိုး​များ​သည်​လည်း​အ​သတ်​ခံ​ရ ကြ​ပါ​လေ​စေ။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ သည့်​သိုး​များ​သည်​လည်း မိ​မိ​တို့​အ​ချင်း ချင်း​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်'' ဟု​ပြော ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ငါ ထိန်း ကျောင်း တော့ မည် မ ဟုတ်။ သေ အံ့ ဆဲ အ ကောင် သေ ပါ လေ စေ။ ပျောက် အံ့ ဆဲ အ ကောင် ပျောက် ပါ လေ စေ။ ကျန် သေး သော အ ကောင် များ လည်း၊ အ ချင်း ချင်း နိုင် ရာ စား ကြ စေ ဟု ငါ ဆို လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 နောက်​တစ်​ဖန် သင်​တို့​ကို ငါ​မ​ကျွေး။ သေ​သော အ​ကောင်​သည် သေ​ပါ​လေ​စေ။ အ​သတ်​ခံ​ရ​သော အ​ကောင်​သည် ခံ​ရ​ပါ​လေ​စေ။ ကျန်​ကြွင်း​သော​အ​ကောင်​တို့​သည် တစ်​ကောင်​ကို​တစ်​ကောင် စား​ပါ​လေ​စေ​ဟု ငါ​ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 11:9
22 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အသက်​ကို​ရန်ရှာ​သော​ရန်သူ​တို့​သည် သူ​တို့​ကို ဝိုင်းရံ​ထား​သဖြင့် အကျပ်အတည်း​ထဲသို့​ရောက်​သောအခါ သူ​တို့​သား​သမီး​များ​၏​အသား​ကို သူ​တို့​အား ပြန်စား​စေ​မည်​။ သူ​တို့​သည် အချင်းချင်း​တို့​၏​အသား​ကို ပြန်စား​ကြ​ရ​မည်​ဟူ၍ မိန့်​တော်မူ​ပြီ’​ဟု ဆင့်ဆို​လော့​။


“​ဤ​လူမျိုး​ထဲမှ တစ်ယောက်ယောက်​ဖြစ်စေ​၊ ပရောဖက်​ဖြစ်စေ​၊ ယဇ်ပုရောဟိတ်​ဖြစ်စေ ‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ကား အဘယ်သို့နည်း​’​ဟု သင့်​ကို​မေး​လာ​လျှင် ‘​အဘယ်​ဗျာဒိတ်​နည်း​။ သင်​တို့​ကို ငါ​ပစ်ပယ်​ပြီ’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု သူ​တို့​အား ပြန်ပြော​ရ​မည်​။


ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ကို လုံးဝ​မေ့ပစ်​မည်​။ သင်​တို့​နှင့်တကွ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​မြို့​ကို ငါ​၏​ရှေ့မှောက်​မှ ဖယ်ရှား​ပစ်​မည်​။


သူ​သည် ရောက်လာ​၍ အီဂျစ်​ပြည်​ကို တိုက်ခိုက်​လိမ့်မည်​။ သေဘေး​သင့်​သော​သူ​တို့​အား သေ​ခြင်း​သို့​လည်းကောင်း​၊ ဖမ်းခေါ်​သွား​ခြင်း​ဘေး​သင့်​သော​သူ​တို့​အား ဖမ်းခေါ်​သွား​ခြင်း​သို့​လည်းကောင်း​၊ ဓားဘေး​သင့်​သော​သူ​တို့​အား ဓားဘေး​သို့​လည်းကောင်း အပ်​လိမ့်မည်​။


သင်​တို့​ထဲ​တွင် မိဘ​တို့​သည် သားသမီး​အသား စား​ကြ​လိမ့်မည်​။ သားသမီး​တို့​သည်​လည်း မိဘ​အသား စား​ကြ​လိမ့်မည်​။ ငါ​သည် သင့်​ကို အပြစ်ဒဏ်​ပေး​မည်​။ ကြွင်းကျန်​သော​သူ​တို့​ကို လေနှင်ရာ​အရပ်ရပ်​သို့ ကွဲလွင့်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


ငါ့​လူမျိုး​တော်​သည် အသိပညာ​မဲ့​သောကြောင့် ပျက်စီး​ရ​လေ​ပြီ​။ သင်​သည် အသိပညာ​ကို ငြင်းပယ်​သောကြောင့် သင့်​ကို ယဇ်ပုရောဟိတ်​အဖြစ်​မှ ငါ​စွန့်ပယ်​မည်​။ သင်​သည် ဘုရားသခင်​၏​ပညတ်တရားတော်​ကို မေ့လျော့​သောကြောင့် သင့်​သားသမီး​တို့​ကို ငါ​မေ့လျော့​မည်​။


ထာဝရဘုရား​က “တိုင်းပြည်​တစ်ပြည်လုံး​၏​သုံးပုံ​နှစ်ပုံ ဖျက်ဆီး​ခံရ​၍ လူ​တို့​သေ​ကြ​လိမ့်မည်​။ သုံးပုံတစ်ပုံ​သာလျှင်​ကျန်​လိမ့်မည်​။


သူ​တို့​ရှိ​ကြ​ပါလေစေ။ သူ​တို့​သည် မျက်မမြင်​တို့​ကို​လမ်းပြ​သော မျက်မမြင်​များ​ဖြစ်​ကြ​၏။ မျက်မမြင်​သည် မျက်မမြင်​ကို​လမ်းပြ​လျှင် နှစ်ဦးစလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ထိုစဉ် လမ်း​၌ သဖန်းပင်​တစ်​ပင်​ကို​မြင်​၍ ထို​အပင်​ရှိရာ​သို့​ကြွ​တော်မူ​ရာ ၎င်း​တွင် အရွက်​များ​မှလွဲ၍ မည်သည့်​အရာ​ကို​မျှ​မ​တွေ့​သဖြင့် ထို​အပင်​အား“ယခု​မှစ၍ ကာလ​အစဉ်အဆက် သင်​၌​အသီး​မ​သီး​စေ​ရ”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သဖန်းပင်​သည် ချက်ချင်း​ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။


ထို့ကြောင့် သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​ကို သင်​တို့​ထံမှ​သိမ်းယူ​၍ ထို​နိုင်ငံ​တော်​၏​အသီး​ကို​သီး​မည့်​လူမျိုး​ထံ ပေး​တော်မူ​လိမ့်မည်။


ယေရှု​က​လည်း“အလင်း​သည် သင်​တို့​တွင် နောက်ထပ် ခဏ​ရှိ​ဦး​မည်။ သင်​တို့​အား မှောင်မိုက်​မ​လွှမ်းမိုး​စေရန် အလင်း​ရှိ​ခိုက် သွားလာ​ကြ​လော့။ မှောင်မိုက်​၌​သွားလာ​သော​သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​သည်​ကို​မ​သိ။


တစ်ဖန် ကိုယ်တော်​က“ငါ​သည်​သွား​ရ​တော့မည်။ သင်​တို့​ကား ငါ့​ကို​ရှာ​လျက် ကိုယ့်​အပြစ်​၌​သေ​ကြ​လိမ့်မည်။ ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်မူ​၏။


ထို့ကြောင့် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌​သေ​ကြ​လိမ့်မည်​ဟု ငါ​ဆို​ခဲ့​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​မ​ယုံကြည်​လျှင် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌ သေ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


မတရား​သဖြင့်​ပြု​သော​သူ​သည် ဆက်၍​မတရား​သဖြင့်​ပြု​ပါစေ။ ညစ်ညူး​သော​သူ​သည် ဆက်၍​ညစ်ညူး​လျက်​နေ​ပါစေ။ ဖြောင့်မတ်​သော​သူ​သည် ဆက်၍​ဖြောင့်မတ်​သော​အမှု​ကို​ပြု​ပါစေ။ သန့်ရှင်း​သော​သူ​သည် ဆက်၍​သန့်ရှင်း​ခြင်း​ရှိ​ပါစေ”​ဟု ငါ့​အား​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ