ထိုအခါ သူတို့အတွက် မိမိ၏ပဋိညာဉ်တော်ကို သတိရလျက် မိမိ၏ကြီးမားသော မေတ္တာကရုဏာတော်နှင့်အညီ စိတ်တော်ပြောင်းလဲ၍
ဆာလံ 90:13 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ပြန်ကြွလာတော်မူပါ။ မည်မျှကြာပါမည်နည်း။ ကိုယ်တော်၏အစေအပါးအပေါ် သနားကရုဏာထားတော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်မျှကြာအောင် အမျက်တော်မပြေဘဲနေတော်မူပါမည်နည်း။ ကိုယ်တော်ရှင်၏အစေခံတို့အားသနား တော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ မည် မျှ ကြာ နေ တော် မူ ပါ မည် နည်း။ ပြန် လာ၍၊ ကျွန် တော် မျိုး တို့ အ တွက် စိတ် ပြောင်း လဲ တော် မူ ပါ။ Judson Bible အို ထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက် ကြာရပါမည်နည်း။ ကိုယ်တော်၏ကျွန်တို့အတွက် နာကြင်သောစိတ် ရှိတော်မူပါ။ |
ထိုအခါ သူတို့အတွက် မိမိ၏ပဋိညာဉ်တော်ကို သတိရလျက် မိမိ၏ကြီးမားသော မေတ္တာကရုဏာတော်နှင့်အညီ စိတ်တော်ပြောင်းလဲ၍
အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကိုစစ်ကြောစီရင်၍ မိမိ၏အစေအပါးတို့အပေါ် သနားကရုဏာထားတော်မူ၏။
အကြောင်းမူကား သေလွန်သူတို့အလယ်တွင် ကိုယ်တော်ကိုအောက်မေ့ခြင်းမရှိပါ။ မရဏာနိုင်ငံတွင် ကိုယ်တော်ကိုမည်သူချီးမွမ်းပါမည်နည်း။
အို ဘုရားသခင်၊ ရန်ဖက်ပြုသောသူသည် မည်မျှကြာအောင် ကဲ့ရဲ့ပြစ်တင်လျက်နေလိမ့်မည်နည်း။ ရန်သူသည် ကိုယ်တော်၏နာမတော်ကို အစဉ်မထီလေးစားပြုမည်လော။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်၊ ပြန်ကြွလာတော်မူပါ။ ကောင်းကင်ဘုံမှ အောက်သို့ကြည့်၍ ရှုမြင်တော်မူပါ။
ဤစပျစ်ပင်တည်းဟူသော လက်ယာလက်တော်ဖြင့် စိုက်ပျိုးထားသောမျိုးခံပင်၊ ကိုယ်တော်တိုင်အတွက် သန်မာစေသောပျိုးပင်ကို အကြည့်အရှုကြွလာတော်မူပါ။
အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။ ကိုယ်တော်သည် အစဉ်ပုန်းရှောင်လျက် နေတော်မူမည်လော။ ကိုယ်တော်၏အမျက်ဒေါသသည် မီးကဲ့သို့ တောက်လောင်လျက်နေတော်မူမည်လော။
အီဂျစ်လူမျိုးတို့က ‘ကိုယ်တော်သည် တောတောင်များထဲ၌ အစ္စရေးလူမျိုးတို့ကိုကွပ်မျက်၍ မြေကြီးပေါ်မှသုတ်သင်ရန်အတွက် မကောင်းသောရည်ရွယ်ချက်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည်’ဟု အဘယ်ကြောင့်ပြောဆိုကြရမည်နည်း။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်ပြေ၍ ကိုယ်တော်၏လူမျိုးတော်အပေါ်ကျရောက်စေမည့်ဘေးအန္တရာယ်မှ စိတ်ပြောင်းလဲတော်မူပါ။
ထိုအခါ ထာဝရဘုရားသည် မိမိလူမျိုးတော်အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟု မိန့်တော်မူခဲ့ရာမှ စိတ်ပြောင်းလဲတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။
ငါသည် သူတို့ကို ထုတ်ပစ်ပြီးမှ ပြန်၍သနားစုံမက်ဦးမည်။ သူတို့ကို သူတို့ပိုင်သောအမွေမြေအသီးသီး၊ သူတို့ပြည်အသီးသီးသို့ ပြန်ခေါ်လာမည်”ဟု မိန့်တော်မူ၏။
အို ဧဖရိမ်၊ သင့်ကို မည်သို့စွန့်ပစ်နိုင်မည်နည်း။ အို အစ္စရေး၊ သင့်ကို မည်သို့အပ်နှံနိုင်မည်နည်း။ အာဒမာမြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ငါသည် စိတ်ပြောင်းပြီး သနားကြင်နာစိတ် တစ်စတစ်စတိုးပွားလာပြီ။
ထိုအခါ ထာဝရဘုရားသည် ဤအမှုအတွက် စိတ်တော်ပြောင်း၍ “ထိုသို့ မဖြစ်စေတော့”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားသည် ဤအမှုအတွက် စိတ်တော်ပြောင်း၍ “ထိုသို့ မဖြစ်စေတော့”ဟု မိန့်တော်မူ၏။
သို့ပြုလျှင် ဘုရားသခင်သည် ငါတို့ကို မဖျက်ဆီးဘဲ စိတ်တော်ပြောင်းလဲ၍ အမျက်တော်ပြေမည်၊ မပြေမည်ကို မည်သူသိနိုင်မည်နည်း”ဟူ၍ ဖြစ်၏။
ထို့ကြောင့် ထာဝရဘုရားက ‘ဂျေရုဆလင်မြို့ကို ငါပြန်လည်သနားစုံမက်မည်။ ထိုမြို့၌ ငါ့အိမ်တော်ကို ပြန်လည်တည်ဆောက်မည်’ဟု မိန့်တော်မူပြီ။ ‘ဂျေရုဆလင်မြို့ကိုလည်း တိုင်းတာမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
သေတ္တာတော်ရပ်နားသောအခါ “အို ထာဝရဘုရား၊ အစ္စရေးလူမျိုးအထောင်အသောင်းတို့ထံသို့ ပြန်လာတော်မူပါ” ဟု လျှောက်ဆိုလေ့ရှိ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်တို့ ခွန်အားကုန်ခန်း၍ အချုပ်အနှောင်ခံရသောသူနှင့် လွတ်လပ်သောသူပါ တစ်ယောက်မျှမကျန်တော့သည်ကို မြင်သောအခါ မိမိလူမျိုးတော်အတွက် တရားစီရင်တော်မူမည်။ မိမိအစေအပါးတို့ကို သနားတော်မူမည်။