ဆာလံ 135:14 - မြန်မာ့စံမီသမ္မာကျမ်း14 အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကိုစစ်ကြောစီရင်၍ မိမိ၏အစေအပါးတို့အပေါ် သနားကရုဏာထားတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကွယ်ကာတော်မူလိမ့်မည်။ မိမိ၏အစေခံတို့အားကရုဏာ ထားတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible14 ထာ ဝ ရ ဘု ရား သည် ကျွန် တော် မျိုး တို့ အ တွက် စိတ် တော် ပြောင်း လဲ၍၊ လူ မျိုး တော် ကို စီ ရင် ဆုံး ဖြတ် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible14 ထာဝရဘုရားသည် မိမိကျွန်တို့၏အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား ဖြစ်တော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
ဘုရားသခင်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် ကောင်းကင်တမန်ကိုလည်း စေလွှတ်သေး၏။ ကောင်းကင်တမန်သည် မြို့ကိုဖျက်ဆီးမည်ပြုစဉ်တွင်ပင် ထာဝရဘုရားသည် ကြည့်ရှုတော်မူ၍ ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် မြို့ကိုဖျက်ဆီးတော့မည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနား၌ ရပ်နေ၏။