တရားဟော 32:36 - မြန်မာ့စံမီသမ္မာကျမ်း36 ထာဝရဘုရားသည် မိမိလူမျိုးတော်တို့ ခွန်အားကုန်ခန်း၍ အချုပ်အနှောင်ခံရသောသူနှင့် လွတ်လပ်သောသူပါ တစ်ယောက်မျှမကျန်တော့သည်ကို မြင်သောအခါ မိမိလူမျိုးတော်အတွက် တရားစီရင်တော်မူမည်။ မိမိအစေအပါးတို့ကို သနားတော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible36 ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါ သူတို့အားကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါ သူတို့အားကရုဏာပြတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible36 လက် ရုံး တန် ခိုး အား လျော့ သည် ကိုလည်း ကောင်း၊ အ ကျဉ်း သား၊ အ လွတ် သား မ ကျန် သည် ကိုလည်း ကောင်း၊ ရှု မြင် တော် မူ ရာ ထာ ဝ ရ ဘု ရား သည် ကျွန် တော် ရင်း တို့ အ တွက် စိတ် တော် ပြောင်း လဲ၍ လူ မျိုး တော် ဘက်၌ တ ရား စီ ရင် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible36 ထာဝရဘုရားသည် မိမိလူတို့အဖို့ တရားစီရင်တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန်ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတစ်ယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင်တရတော်မူလျက်၊ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
ထာဝရဘုရားသည် သူတို့အဖို့ တရားသူကြီးကို ပေါ်ထွန်းစေပြီဆိုလျှင် ထိုတရားသူကြီးနှင့် ထာဝရဘုရားအတူရှိတော်မူ၍ ထိုတရားသူကြီးအသက်ရှင်သမျှကာလပတ်လုံး သူတို့ကို ရန်သူ့လက်မှ ကယ်တင်ပေးတော်မူ၏။ အကြောင်းမှာ သူတို့ ညှဉ်းဆဲခံရချိန်၊ ဒုက္ခရောက်ချိန်တွင် ညည်းတွားမြည်တမ်းကြသဖြင့် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။
ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။