ဆာလံ 106:45 - မြန်မာ့စံမီသမ္မာကျမ်း45 ထိုအခါ သူတို့အတွက် မိမိ၏ပဋိညာဉ်တော်ကို သတိရလျက် မိမိ၏ကြီးမားသော မေတ္တာကရုဏာတော်နှင့်အညီ စိတ်တော်ပြောင်းလဲ၍ အခန်းကိုကြည့်ပါ။Common Language Bible45 ကိုယ်တော်သည်သူတို့၏အကျိုးကိုထောက်၍ ပဋိညာဉ်တော်ကိုသတိရတော်မူ၏။ မေတ္တာတော်သည်ကြီးမားတော်မူသည် ဖြစ်၍ အမျက်ပြေတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible45 ပ ဋိ ညာဉ် ကို သ တိ ရ၍၊ က ရု ဏာ တော် များ ပြား သည့် အ လျောက် သ ဘော တော် ပြောင်း လဲ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible45 ဝန်ခံခြင်းကတိတော်ကို သူတို့အဖို့အောက်မေ့၍၊ ကရုဏာတော် များပြားသည်အတိုင်း နောင်တရတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် သူတို့အဖို့ တရားသူကြီးကို ပေါ်ထွန်းစေပြီဆိုလျှင် ထိုတရားသူကြီးနှင့် ထာဝရဘုရားအတူရှိတော်မူ၍ ထိုတရားသူကြီးအသက်ရှင်သမျှကာလပတ်လုံး သူတို့ကို ရန်သူ့လက်မှ ကယ်တင်ပေးတော်မူ၏။ အကြောင်းမှာ သူတို့ ညှဉ်းဆဲခံရချိန်၊ ဒုက္ခရောက်ချိန်တွင် ညည်းတွားမြည်တမ်းကြသဖြင့် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။
ကောင်းကင်တမန်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် လက်ကိုဆန့်တော်မူလျှင် ထာဝရဘုရားသည် ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် လူတို့ကိုဖျက်ဆီးသည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနား၌ ရှိနေ၏။