အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 78:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​သည် အရှေ့​လေ​ကို ကောင်းကင်​မှ​ထွက်ခွာ​စေ​ပြီး မိမိ​၏​အစွမ်းသတ္တိ​အားဖြင့် တောင်​လေ​ကို​တိုက်ခတ်​လာ​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို့​အ​ပြင်​ကိုယ်​တော်​သည် အ​ရှေ့​လေ​ကို​တိုက်​စေ​ပြီး​နောက်​တန်​ခိုး​တော်​အား​ဖြင့် တောင်​လေ​ကို​လှုပ်​ရှား​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ကောင်း ကင်၌ အ ရှေ့ လေ ကို လွှတ် ခြင်း၊ တန် ခိုး တော် ဖြင့် တောင် လေ ကို ပို့ ခြင်း ပြု၍၊ မြေ မုန့် နှင့် အ မျှ ဟင်း လျာ ကိုလည်း ကောင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

မိုး​ကောင်း​ကင်၌ အ​ရှေ့​လေ​ကို​ပယ်၍၊ အား​ကြီး​သော တောင်​လေ​ကို​ဆောင်​ခဲ့​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။



ဆာ​လံ 78:26
5 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် မိုးတိမ်​များ​ကို ကမ္ဘာမြေကြီး​အစွန်း​မှ​တက်လာ​စေ​၍ မိုး​နှင့်အတူ​လျှပ်စီး​များ​ကို​ဖြစ်ပေါ်​စေ​ကာ လေ​ကို မိမိ​၏​သိုလှောင်​တိုက်​မှ ထုတ်ဆောင်​တော်မူ​၏​။


ကိုယ်တော်​သည် မိမိ​၏​နှုတ်ကပတ်တော်​ကို​စေလွှတ်​၍ ၎င်း​တို့​ကို အရည်ပျော်​စေ​တော်မူ​၏​။ မိမိ​၏​လေ​ကို​တိုက်​စေ​တော်မူ​သောအခါ ရေ​တို့​သည် စီးဆင်း​ကြ​၏​။


သို့ဖြစ်၍ မောရှေ​သည် မိမိ​တောင်ဝှေး​ကို အီဂျစ်​ပြည်​ပေါ်သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် ထို​ပြည်​ပေါ်သို့ ထို​နေ့​တစ်နေ့လုံး ထို​ည​တစ်ညလုံး အရှေ့​လေ​ကို တိုက်ခတ်​စေ​တော်မူ​၏​။ နံနက်အချိန်​ရောက်​သောအခါ ထို​အရှေ့​လေ​သည် ကျိုင်းကောင်​များ​ကို သယ်ဆောင်​လာ​၏​။


ထာဝရဘုရား​သည် လေ​ကို​တိုက်ခတ်​စေ​တော်မူ​၍ ပင်လယ်​မှ ငုံး​တို့​ကို​သယ်ဆောင်​လာ​စေ​၏​။ တပ်စခန်း​၏​ပတ်ပတ်လည် ဟိုဘက်​မှ​တစ်ရက်​ခရီး​၊ သည်ဘက်​မှ​တစ်ရက်​ခရီး​အကွာအဝေး​ခန့်​တိုင်အောင် တပ်စခန်း​၌ ကျ​စေ​သဖြင့် ငုံး​တို့​သည် မြေပြင်​ပေါ်မှ​နှစ်​တောင်​ခန့်​အထူ​ရှိ​လေ​၏​။


ငုံးသား​ကို​မ​ဝါး​မီ ကိုက်​လျက်​ရှိ​စဉ် ထာဝရဘုရား​သည် လူ​တို့​ကို အမျက်ထွက်​လေ​၏​။ ထာဝရဘုရား​သည် လူ​တို့​ကို အလွန်​ပြင်းထန်​သော​ဘေးဒဏ်​ဖြင့် ဒဏ်ခတ်​တော်မူ​၏​။