ငါသည် ဘုရားသခင်ကိုအောက်မေ့၍ မငြိမ်မသက်ဖြစ်၏။ ငါတွေးတောဆင်ခြင်သောအခါ ငါ၏စိတ်ဝိညာဉ်သည် ညှိုးငယ်၏။(စေလာ)
ငါသည်ဘုရားသခင်အကြောင်းကိုအောက်မေ့ ဆင်ခြင်သောအခါသက်ပြင်းချရ၏။ လေးနက်စွာတွေးတောသောအခါငါသည် စိတ်ပျက်အားငယ်ရ၏။
ဘု ရား သ ခင် ကို သ တိ ရ၍ မြည် တမ်း ခြင်း၊ စဉ်း စား၍ စိတ် ပျက် ခြင်း ရှိ ရ၏။
ဘုရားသခင်ကို အောက်မေ့၍ စိတ်ပူပန်ခြင်းရှိ၏။ ဆင်ခြင်၍ စိတ်ပျက်ခြင်းသို့ ရောက်တတ်၏။
သူ၏သားသမီးအပေါင်းတို့သည် သူ့ကို ကြိုးစား၍နှစ်သိမ့်ကြ၏။ သို့သော် သူသည် နှစ်သိမ့်ခြင်းကိုငြင်းဆန်လျက် “အကယ်စင်စစ် ငါသည် ငါ့သားရှိရာမရဏာနိုင်ငံသို့ ငိုကြွေးမြည်တမ်းလျက် ဆင်းသွားတော့မည်”ဟု ဆို၏။ ထိုသို့ ယောသပ်၏ဖခင်သည် သားကြောင့်ငိုကြွေးလေ၏။
ဘုရားသခင်၏နှစ်သိမ့်မှုနှင့် ညင်သာစွာပြောဆိုမှုတို့သည် သင့်အဖို့ မလုံလောက်သေးသလော။
ဘုရားသခင်ထံမှလာမည့်ဘေးဒုက္ခကို ငါကြောက်၏။ ဘုန်းတော်ကြောင့် မည်သည့်အမှုကိုမျှ ငါမပြုဝံ့ပါ။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
ထို့ကြောင့် ငါသည် နှုတ်ဆိတ်၍မနေနိုင်ပါ။ နာကြည်းသောစိတ်ဖြင့် ငါပြောမည်။ ခါးသီးသောစိတ်ဝိညာဉ်ဖြင့် ငါညည်းတွားမည်။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ကိုယ်တော်၏ကယ်တင်ခြင်းကို ထပ်၍ချီးမွမ်းမည်။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့် မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကိုမျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
အကျွန်ုပ်သည် စိတ်နှလုံးညှိုးငယ်သောအခါ ကိုယ်တော်ကို ကမ္ဘာမြေကြီးအစွန်းမှ ခေါ်ပါ၏။ အကျွန်ုပ်ထက်မြင့်မားသောကျောက်ဆောင်ပေါ်သို့ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။
ညအချိန်များ၌ အိပ်ရာပေါ်တွင် အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို ရှာဖွေမိပါ၏။ ရှာသော်လည်း မတွေ့ပါ။
အို ထာဝရဘုရား၊ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ကိုရှာကြပါ၏။ ကိုယ်တော်သည် သူတို့ကိုဆုံးမပဲ့ပြင်တော်မူသောအခါ သူတို့သည် ဆုတောင်းပတ္ထနာပြုကြပါ၏။
အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေးအန္တရာယ်ကျရောက်သောအခါ ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။
ငါ့စိတ်ဝိညာဉ်သည် ငြိမ်သက်ခြင်းကင်းလျက် ကောင်းစားခြင်းကိုလည်း မေ့လျော့လေပြီ။
လူ၊ အသက်ရှင်သောလူသည် အဘယ်ကြောင့် မိမိအပြစ်အတွက် စောဒကတက်ရသနည်း။