ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ကြလော့။
ဆာလံ 77:13 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ကိုယ်တော်၏လမ်းသည် သန့်ရှင်းပါ၏။ မည်သည့်ဘုရားသည် ဘုရားသခင်ကဲ့သို့ ကြီးမြတ်သနည်း။ Common Language Bible အို ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသမျှတို့သည် မြင့်မြတ်ပါ၏။ ကိုယ်တော်ရှင်ကဲ့သို့အဘယ်ဘုရားမျှမကြီး မြတ်ပါ။ Garrad Bible အို ဘု ရား သ ခင်၊ နည်း လမ်း တော် သည် သန့် ရှင်း ရာ တ ရား၌ တည် ရှိ၍၊ ဘု ရား သ ခင် ကဲ့ သို့ မည် သည့် ဘု ရား ကြီး မြတ် သ နည်း။ Judson Bible အိုဘုရားသခင်၊ ကိုယ်တော်၏လမ်းသည် သန့်ရှင်းခြင်းနှင့် ယှဉ်ပါ၏။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း။ |
ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ကြလော့။
ကိုယ်တော်၏ဥပဒေသလမ်းကို အကျွန်ုပ်အား နားလည်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဆင်ခြင်အောက်မေ့ပါမည်။
ထာဝရဘုရား၏ခန့်ညားတင့်တယ်ခြင်းကို ဖူးမြော်ရန်နှင့် ကိုယ်တော်၏ဗိမာန်တော်၌ စူးစမ်းဆင်ခြင်လျက်နေရန် ငါအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်၌နေရမည့်အကြောင်း တစ်ခုတည်းကို ထာဝရဘုရားထံ၌ ငါတောင်းလျှောက်ပြီ။ ထိုအခွင့်ကို ငါရှာမည်။
သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏အစွမ်းသတ္တိနှင့် ကိုယ်တော်၏ဘုန်းအသရေတို့ကိုတွေ့မြင်ရရန် ကိုယ်တော်ကို သန့်ရှင်းရာဌာနတော်၌ဖူးမြော်ခဲ့ပါ၏။
ရှေ့၌ကား သီချင်းဆိုသောသူများ၊ နောက်၌ကား စောင်းတီးသောသူများ၊ အလယ်၌ကား ပတ်သာတီးသောမိန်းမပျိုများသည် လိုက်ပါကြပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် အထက်ကောင်းကင်တိုင်အောင်ရောက်ပါ၏။ ကြီးမြတ်သောအမှုတို့ကိုပြုတော်မူသော ဘုရားသခင်၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။
အကျွန်ုပ်သည် ဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ထဲသို့ဝင်သည့်အခါမှသာ သူတို့၏နိဂုံးကို သိရှိနားလည်ရပါ၏။
အို ဘုရားရှင်၊ ဘုရားများထဲတွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်ပြုတော်မူသောအမှုများနှင့်တူသော အမှုလည်း မရှိပါ။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
ဘုရားသခင်သည် မည်သူနှင့်တူသနည်း။ သင်သည် ဘုရားသခင်ကို မည်သည့်ပုံသဏ္ဌာန်နှင့် နှိုင်းယှဉ်မည်နည်း။
သန့်ရှင်းသောအရှင်က “သင်တို့သည် ငါ့ကို မည်သူနှင့်နှိုင်းယှဉ်မည်နည်း။ မည်သူသည် ငါနှင့်တူသနည်း”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့ကိုမည်သူနှင့်နှိုင်းယှဉ်မည်နည်း။ မည်သူ့ကို ငါနှင့်တူသည်ဟု သတ်မှတ်မည်နည်း။ မည်သူ့ကို ငါနှင့်တူသည်ဟု နှိုင်းယှဉ်မည်နည်း။
ငါတို့၏ကျောက်ဆောင်သည် သူတို့၏ကျောက်ဆောင်နှင့်မတူကြောင်းကို ငါတို့၏ရန်သူတို့ပင် အသိအမှတ်ပြုကြ၏။