ဆာလံ 86:8 - မြန်မာ့စံမီသမ္မာကျမ်း8 အို ဘုရားရှင်၊ ဘုရားများထဲတွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်ပြုတော်မူသောအမှုများနှင့်တူသော အမှုလည်း မရှိပါ။ အခန်းကိုကြည့်ပါ။Common Language Bible8 အို ဘုရားရှင်၊ ကိုယ်တော်ရှင်ကဲ့သို့သောဘုရားမရှိပါ။ ကိုယ်တော်ရှင်ပြုတော်မူသကဲ့သို့ အဘယ်ဘုရားမျှမပြုခဲ့ပါ။ အခန်းကိုကြည့်ပါ။Garrad Bible8 အို အ ရှင် ဘု ရား၊ ဘု ရား ဟူ သ မျှ တို့ တွင်၊ ကိုယ် တော် နှင့် တူ သော ဘု ရား၊ အ မှု တော် များ နှင့် တူ သော အ မှု မ ရှိ ပါ။ အခန်းကိုကြည့်ပါ။Judson Bible8 အို ထာဝရဘုရား၊ ဘုရားတို့တွင် ကိုယ်တော်နှင့်တူသော ဘုရားမရှိပါ။ အမှုတော်နှင့်တူသော အမှုလည်းမရှိပါ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ယခု ငါအမိန့်ထုတ်ပြန်မည်။ မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံသား၊ မည်သည့်ဘာသာစကားပြောဆိုသောသူမဆို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုလျှင် သူ့ကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်မည်။ သူ့အိမ်ကိုလည်း မစင်ပုံဖြစ်စေမည်။ ဤဘုရားကဲ့သို့ ကယ်နုတ်နိုင်သောဘုရားမရှိ”ဟု အမိန့်ထုတ်ပြန်လေ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
အစ္စရေးလူမျိုးတို့ အစဉ်အမြဲပြုရန် ပြဋ္ဌာန်းထားသည်နှင့်အညီ အကျွန်ုပ်သည် ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ အမွှေးနံ့သာကို မီးရှို့ပူဇော်ရန်အတွက်၊ ရှေ့တော်မုန့်ကိုလည်း ပုံမှန်တင်လှူပူဇော်ရန်နှင့် နံနက်ချိန်၊ နေဝင်ချိန်၊ ဥပုသ်နေ့များ၊ လဆန်းနေ့များ၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များတွင် မီးရှို့ရာယဇ်ကို ပူဇော်ရန်အတွက် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို ဆောက်လုပ်ဆက်ကပ်မည်။