Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 77:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက် ရှိသမျှ​တို့​ကို​လည်း အကျွန်ုပ်​ဆင်ခြင်အောက်မေ့​ပါ​မည်​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို​လည်း တွေးတောဆင်ခြင်​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို စဉ်း​စား​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ပြု တော် မူ သ မျှ ကို ဆင် ခြင် ခြင်း၊ စီ ရင် တော် မူ သ မျှ ကို စဉ်း စား ခြင်း ပြု ပါ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ပြု​တော်​မူ​သ​မျှ​တို့​ကို​ဆင်​ခြင်၍ စီ​ရင်​တော်​မူ​သော အ​ရာ​တို့​ကို မြွက်​ဆို​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 77:12
13 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​ဆင်ခြင်တွေးတောမှု​သည် ကိုယ်တော်​အတွက် နှစ်သက်​ဖွယ်​ဖြစ်​ပါစေသော​။ ငါ​သည် ထာဝရဘုရား​၌​ဝမ်းမြောက်​မည်​။


ကိုယ်တော့်​ထံသို့ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ဆင်ခြင်အောက်မေ့​ကြ​လော့​။


ကိုယ်တော်​၏​အစေအပါး အာဗြဟံ​၏​အမျိုးအနွယ်​၊ ကိုယ်တော်​ရွေးကောက်​တော်မူ​သော ယာကုပ်​၏​သားသမီး​တို့​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း​၊ ပြု​တော်မူ​သော​တန်ခိုးလက္ခဏာ​များ​နှင့် နှုတ်​တော်​ထွက်​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်းကောင်း အောက်မေ့​ကြ​လော့​။


အို ထာဝရဘုရား​၊ ရှေးကာလ​မှ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို အကျွန်ုပ်​အောက်မေ့​သောအခါ နှစ်သိမ့်မှု​ကို​ရရှိ​ပါ​၏​။


အကျွန်ုပ်​သည် လွန်ခဲ့သော​နေ့ရက်​များ​ကို သတိရ​လျက် ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​ရှိသမျှ​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ကို အကျွန်ုပ်​တွေးတောဆင်ခြင်​ပါ​၏​။


သူ​တို့​သည် ကိုယ်တော့်​နိုင်ငံ​၏ ဘုန်းအသရေ​တော်​အကြောင်း​ကို ပြောဆို​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​အကြောင်း​ကို​လည်း မြွက်ဆို​ကြ​ပါ​လိမ့်မည်​။


မျိုးဆက်​တစ်​ဆက်​သည် နောက်​မျိုးဆက်​တစ်​ဆက်​အား ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ထောမနာပြု​ပြောဆို​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ အကြောင်း​ကို​လည်း ပြောကြား​ပါ​လိမ့်မည်​။


အကျွန်ုပ်​၏​လျှာ​သည်​လည်း ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို တစ်နေ့လုံး​မြွက်ဆို​ပါ​မည်​။ အကြောင်းမူကား အကျွန်ုပ်​ဒုက္ခ​ရောက်​စေရန် ရှာကြံ​သော​သူ​တို့​သည် အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ပါ​ပြီ​။


ထိုအခါ ကိုယ်တော်​သည် မောရှေ​နှင့်​လူမျိုး​တော်​တို့​ခေတ်​မှ​အချိန်​ကာလ​ကို အောက်မေ့​တော်မူ​၏​။ သိုးစု​ကို သိုးထိန်း​တို့​နှင့်အတူ ပင်လယ်​ထဲမှ​ခေါ်ဆောင်​လာ​သော​သူ​ကား အဘယ်မှာ​နည်း​။ သူ​တို့​အလယ်​၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ချပေး​သော​သူ​ကား အဘယ်မှာ​နည်း​။


သင်​တို့​၏​သားသမီး​တို့​အား ကြိုးစားသွန်သင်​ရ​မည်​။ သင်​တို့​သည် အိမ်​၌​နေ​သည်​ဖြစ်စေ​၊ လမ်း​လျှောက်​နေ​သည်​ဖြစ်စေ​၊ အိပ်​နေ​သည်​ဖြစ်စေ​၊ ထ​လျက်​နေ​သည်​ဖြစ်စေ ပြောကြား​ရ​မည်​။


သူ​တို့​ကို မ​ကြောက်​နှင့်​။ ဖာရော​မင်းကြီး​နှင့် အီဂျစ်​လူမျိုး​အပေါင်း​တို့​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သည့်​အမှု​ကို​အောက်မေ့​လော့​။


သင်ကိုယ်တိုင်​တွေ့မြင်​ခဲ့​ရ​သည့် ပြင်းထန်​သော​စုံစမ်းမှု​များ​ကို​လည်းကောင်း​၊ နိမိတ်လက္ခဏာ​များ​နှင့် အံ့ဩဖွယ်အမှု​များ​ကို​လည်းကောင်း​၊ အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို ဆန့်​လျက် သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ကို​လည်းကောင်း အထူး​အောက်မေ့​ရ​မည်​။ သင်​ကြောက်ရွံ့​ရ​သည့်​လူမျိုး​အပေါင်း​တို့​ကို​လည်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထိုနည်းတူ​ပြု​တော်မူ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ