ဆာလံ 119:27 - မြန်မာ့စံမီသမ္မာကျမ်း27 ကိုယ်တော်၏ဥပဒေသလမ်းကို အကျွန်ုပ်အား နားလည်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဆင်ခြင်အောက်မေ့ပါမည်။ အခန်းကိုကြည့်ပါ။Common Language Bible27 ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုနားလည် နိုင်ရန် ကွန်တော်မျိုးအားကူမတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အံ့သြဖွယ်ကောင်းသည့်သွန်သင်ခက် တို့ကို ဆင်ခြင်ပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible27 အံ့ ဖွယ် ရာ အ မှု တော် များ အ ကြောင်း ကို ဆင် ခြင် ရ စေ ရန်၊ ဥ ပ ဒေ သ တော့် နည်း လမ်း များ ကို နား လည် စေ တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible27 ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ်နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဖွယ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။