Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 77:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​တို့​ကို ပြု​တော်မူ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကို လူမျိုး​တကာ​တို့​အား သိမြင်​စေ​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ကိုယ်​တော်​ရှင်​သည်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော ဘု​ရား​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ဘုန်း​တန်​ခိုး​တော် တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြ​တော်​မူ​ခဲ့​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ကိုယ် တော် သည်၊ အံ့ ဖွယ် ရာ များ ကို စီ ရင် လျက်၊ လူ မျိုး တို့ တွင် တန် ခိုး တော် ကို ပြ တော် မူ သော ဘု ရား ဖြစ် တော် မူ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ကိုယ်​တော်​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ လူ​မျိုး​တို့​တွင် တန်​ခိုး​တော်​ကို ပြ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 77:14
15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​အစေအပါး အာဗြဟံ​၏​အမျိုးအနွယ်​၊ ကိုယ်တော်​ရွေးကောက်​တော်မူ​သော ယာကုပ်​၏​သားသမီး​တို့​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း​၊ ပြု​တော်မူ​သော​တန်ခိုးလက္ခဏာ​များ​နှင့် နှုတ်​တော်​ထွက်​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်းကောင်း အောက်မေ့​ကြ​လော့​။


သို့သော် ကိုယ်တော်​သည် မိမိ​၏​အစွမ်းတန်ခိုး​တော်​ထင်ရှား​စေရန် မိမိ​၏​နာမ​တော်​ကို​ထောက်၍ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။


ကြီးမား​၍​အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ ပြု​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။


ရှေ့​၌ကား သီချင်းဆို​သော​သူ​များ​၊ နောက်​၌ကား စောင်းတီး​သော​သူ​များ​၊ အလယ်​၌ကား ပတ်သာတီး​သော​မိန်းမပျို​များ​သည် လိုက်ပါ​ကြ​ပါ​၏​။


အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ​ပြု​တော်မူ​သော အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင် ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။


အကြောင်းမူကား ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​၏​။ ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ဘုရားသခင်​ဖြစ်​တော်မူ​၏​။


နောင်ကာလ​၌ သင်​တို့​၏​သား​များ​က ‘​ဤ​အမှု​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ သင်​တို့​က​လည်း ‘​ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။


အို ထာဝရဘုရား​၊ ဘုရား​တို့​တွင် အဘယ်မည်သော​ဘုရား​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။ သန့်ရှင်း​ခြင်း​ကြောင့် ဘုန်းကြီး​တော်မူ​သော​၊ ဘုန်းအသရေ​ကြောင့် ကြောက်ရွံ့ဖွယ်​ဖြစ်​တော်မူ​သော​၊ အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​သော ကိုယ်တော်​နှင့် အဘယ်သူ​တူ​ပါ​သနည်း​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် တန်ခိုး​တော်​ဖြင့် ဘုန်းကြီး​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ရန်သူ​ကို ချိုးဖဲ့ခြေမွှ​တော်မူ​၏​။


အို ထာဝရဘုရား​၏​လက်ရုံး​တော်​၊ နိုးထ​တော်မူ​ပါ​။ နိုးထ​တော်မူ​ပါ​။ ခွန်အား​ကို​ဆင်ယင်​တော်မူ​ပါ​။ ရှေးကာလ​နေ့ရက်​များ​က​ကဲ့သို့​၊ ရှေးလွန်လေ​ပြီး​သော​မျိုးဆက်​တို့​ခေတ်​က​ကဲ့သို့ နိုးထ​တော်မူ​ပါ​။ ရာဟပ်​ကို​ခုတ်ဖြတ်​သော​သူ​၊ မြွေနဂါး​ကို​ထိုးဖောက်​သော​သူ​သည် ကိုယ်တော်​ပင်​မ​ဟုတ်​လော​။


ထာဝရဘုရား​သည် လူမျိုး​တကာ​တို့​၏​မျက်မှောက်​၌ မိမိ​၏​သန့်ရှင်း​သော​လက်ရုံး​တော်​ကို​ပြ​တော်မူ​သဖြင့် မြေကြီး​စွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်​။


ထို့ကြောင့် ယခု ငါ​အမိန့်​ထုတ်ပြန်​မည်​။ မည်သည့်​လူမျိုး​၊ မည်သည့်​တိုင်းနိုင်ငံသား​၊ မည်သည့်​ဘာသာစကား​ပြောဆို​သော​သူ​မဆို ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၏​ဘုရားသခင်​ကို ဆန့်ကျင်​ပြောဆို​လျှင် သူ့​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​ပစ်​မည်​။ သူ့​အိမ်​ကို​လည်း မစင်ပုံ​ဖြစ်​စေ​မည်​။ ဤ​ဘုရား​ကဲ့သို့ ကယ်နုတ်​နိုင်​သော​ဘုရား​မ​ရှိ​”​ဟု အမိန့်​ထုတ်ပြန်​လေ​၏​။


ဒံယေလ​ကို ခြင်္သေ့​ရန်​မှ​ကယ်တင်​တော်မူ​သော​ဘုရားသခင်​သည် မိုးကောင်းကင်​နှင့် မြေကြီး​ပေါ်တွင် မစ​ကယ်တင်​တော်မူ​သော​ဘုရား​၊ အံ့ဖွယ်​နိမိတ်လက္ခဏာ​ကို ပြ​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​၏​”​ဟူ၍ ပါရှိ​၏​။


သူ​တို့​သည် ဘုရားသခင်​၏​ကျွန် မောရှေ​၏​သီချင်း​နှင့် သိုးသငယ်​တော်​၏​သီချင်း​များ​ကို​သီဆို​ကာ “အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​၍ အံ့သြဖွယ်​ကောင်း​လှ​ပါ​၏။ လူမျိုး​တကာ​တို့​၏​ဘုရင်၊ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် ဖြောင့်မတ်​၍​မှန်ကန်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ