များစွာသောသူတို့က “ဘုရားသခင်သည် သူ့ကိုကယ်တင်မည်မဟုတ်”ဟု အကျွန်ုပ်၏စိတ်ဝိညာဉ်နှင့်ပတ်သက်၍ ပြောဆိုကြပါ၏။(စေလာ)
ဆာလံ 71:11 - မြန်မာ့စံမီသမ္မာကျမ်း “ဘုရားသခင်သည် သူ့ကိုစွန့်ပစ်လေပြီ။ ကယ်နုတ်မည့်သူမရှိသည်ဖြစ်၍ သူ့ကိုလိုက်၍ဖမ်းဆီးကြလော့”ဟု ဆိုကြပါ၏။ Common Language Bible ``သူ၏ဘုရားသည်သူ့ကိုစွန့်ပစ်လေပြီ။ သူ့အားကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့သဖြင့် သူ့ကိုလိုက်ဖမ်းကြကုန်အံ့'' ဟုသူတို့ဆို ကြပါ၏။ Judson Bible ဘုရားသခင်သည် သူ့ကို စွန့်ပစ်တော်မူ၏။ လိုက်၍ ဖမ်းကြကုန်အံ့။ ကယ်လွှတ်သောသူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။ |
များစွာသောသူတို့က “ဘုရားသခင်သည် သူ့ကိုကယ်တင်မည်မဟုတ်”ဟု အကျွန်ုပ်၏စိတ်ဝိညာဉ်နှင့်ပတ်သက်၍ ပြောဆိုကြပါ၏။(စေလာ)
ငါသည် လူငယ်တစ်ဦးဖြစ်ခဲ့ပြီး ယခုအသက်ကြီးလေပြီ။ သို့သော် ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းခံရသည်ကိုလည်းကောင်း၊ သူ၏သားမြေးတို့သည် အစာတောင်းရမ်းနေကြရသည်ကိုလည်းကောင်း မတွေ့မမြင်ဖူးပေ။
အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်တော်မူ၏။ မိမိ၏သန့်ရှင်းသူတို့ကိုလည်း စွန့်ပစ်တော်မမူ။ သူတို့သည် အစဉ်အမြဲစောင့်ရှောက်တော်မူခြင်းကို ခံရကြလိမ့်မည်။ ဆိုးယုတ်သောသူ၏သားမြေးတို့မူကား ဖယ်ရှားခြင်းခံကြရလိမ့်မည်။
ငါ၏ရန်သူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကိုတစ်နေ့လုံး ပြောဆိုလျက် ငါ၏အရိုးကွဲလုမတတ် ငါ့ကိုကဲ့ရဲ့ပြစ်တင်ကြ၏။
ဘုရားသခင်ကိုမေ့လျော့တတ်သောသူတို့၊ ဤအချက်ကို သတိနှင့်ဆင်ခြင်ကြလော့။ သို့မဟုတ်ပါက ငါသည် သင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲသဖြင့် ကယ်နုတ်သူမရှိဖြစ်လိမ့်မည်။
သို့မဟုတ်လျှင် ကယ်နုတ်သူမရှိစဉ် သူတို့သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆုတ်ဖြဲ၍ အပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ ဖြစ်၏။
သို့သော် အခြားသောသူတို့က “ရှိပါလေစေ။ ဧလိယသည် သူ့ကိုကယ်တင်ရန် လာမည်မလာမည်ကို ငါတို့ ကြည့်ကြစို့”ဟု ဆိုကြ၏။
ဒါဝိဒ်သည် ကိလမြို့သို့ရောက်လာကြောင်းကို ရှောလုမင်းကြီးကြားသောအခါ “ဘုရားသခင်သည် ဒါဝိဒ်ကို ငါ့လက်သို့အပ်တော်မူပြီ။ သူသည် မြို့တံခါးများ၊ ကန့်လန့်ကျင်များ အခိုင်အမာရှိသောမြို့ထဲသို့ဝင်၍ ကိုယ့်ကိုယ်ကိုယ်ပိတ်မိစေပြီ”ဟု ဆိုပြီး