‘ရန်သူ့လက်မှ ငါ့ကိုကယ်တင်ကြပါ။ ကြမ်းကြုတ်သူတို့လက်မှ ငါ့ကိုရွေးနုတ်ကြပါ’ဟု တောင်းဆိုဖူးသလော။
ဆာလံ 69:18 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏စိတ်ဝိညာဉ်ထံသို့ချဉ်းကပ်၍ ရွေးနုတ်တော်မူပါ။ အကျွန်ုပ်၏ရန်သူများကြောင့် အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်တော်မူပါ။ Common Language Bible ကြွလာတော်မူ၍ကျွန်တော်မျိုးကိုကယ်တော် မူပါ။ ရန်သူများ၏လက်မှကယ်ဆယ်တော်မူပါ။ Garrad Bible ကြွ ရောက် ၍ အ ကျွန်ုပ် အ သက် ကို ရွေး နုတ် ခြင်း၊ ရန် သူ တို့ ကြောင့် ရွေး ယူ ခြင်း ပြု တော် မူ ပါ။ Judson Bible အကျွန်ုပ်၏အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ။ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေးတော်မူပါ။ |
‘ရန်သူ့လက်မှ ငါ့ကိုကယ်တင်ကြပါ။ ကြမ်းကြုတ်သူတို့လက်မှ ငါ့ကိုရွေးနုတ်ကြပါ’ဟု တောင်းဆိုဖူးသလော။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝေး၌ရပ်နေတော်မူသနည်း။ ဘေးဒုက္ခရောက်ချိန်၌ အဘယ်ကြောင့် ပုန်းကွယ်၍နေတော်မူသနည်း။
ကိုယ်တော်သည် ရွေးနုတ်ကယ်တင်ခြင်းကို မိမိ၏လူမျိုးတော်ထံစေလွှတ်၍ မိမိ၏ပဋိညာဉ်တော်ကို ထာဝရအတွက် ချမှတ်ထားတော်မူ၏။ ကိုယ်တော်၏နာမတော်သည် သန့်ရှင်း၍ အံ့ဩဖွယ်ဖြစ်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏ဝိညာဉ်သည် အားအင်ကုန်ခန်းပါပြီ။ အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့ကဲ့သို့ မဖြစ်ရပါမည့်အကြောင်း အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။
အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။
များစွာသောနွားထီးတို့သည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး ဗာရှန်နွားလားတို့သည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။
သို့သော် အို ထာဝရဘုရား၊ ဝေးဝေးနေတော်မမူပါနှင့်။ အို အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဓားဘေးမှလည်းကောင်း၊ အကျွန်ုပ်၏တစ်ခုတည်းသောအသက်ကို ခွေး၏လက်မှလည်းကောင်း ကယ်နုတ်တော်မူပါ။
အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အမျက်တော်ထွက်၍ ကိုယ်တော်၏အစေအပါးကို ငြင်းပယ်တော်မမူပါနှင့်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင် ဖြစ်ပါ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ အကျွန်ုပ်ကိုပစ်ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့အပ်နှံပါ၏။ သမ္မာတရားနှင့်ပြည့်စုံတော်မူသောဘုရားသခင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပြီ။
သို့သော် ဘုရားသခင်သည် ငါ့ကိုခေါ်ယူတော်မူမည်ဖြစ်သောကြောင့် ငါ၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၏လက်မှ ရွေးနုတ်ကယ်တင်တော်မူလိမ့်မည်။(စေလာ)
အို အစ္စရေးလူမျိုး၏မျှော်လင့်ရာ၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ကယ်တင်ရာဖြစ်တော်မူသောအရှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်တို့ပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ဖြစ်ရသနည်း၊ အဘယ်ကြောင့် တစ်ညသာလာရောက်တည်းခိုသွားသော ခရီးသွားဧည့်သည်ကဲ့သို့ဖြစ်ရသနည်း။
အကျွန်ုပ်ဆုတောင်းသောအခါ ကိုယ်တော်သည် အနားသို့လာ၍ “မကြောက်နှင့်”ဟု မိန့်တော်မူ၏။
သို့သော် သူတို့ကိုရန်ပြုသောသူတို့၏ရန်သူတို့သည် ထောင်လွှားလာပြီး “ဤအမှုအလုံးစုံကို ထာဝရဘုရားပြုတော်မူသည်မဟုတ်၊ ငါတို့လက်ဖြင့် အောင်မြင်ခဲ့သည်”ဟု အထင်လွဲ၍ ဆိုလာမည်ကို စိုးရိမ်၏’ဟု မိန့်တော်မူ၏။
ခါနာန်လူမျိုးနှင့် ခါနာန်ပြည်သားအပေါင်းတို့ကြားလျှင် သူတို့သည် အကျွန်ုပ်တို့ကိုဝိုင်းရံထားပြီး အကျွန်ုပ်တို့၏အမည်ကို မြေကြီးပေါ်မှပယ်ဖျက်ကြပါလိမ့်မည်။ ကိုယ်တော်၏ကြီးမြတ်သောနာမတော်အဖို့ မည်သို့ပြုတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။