ဆာလံ 111:9 - မြန်မာ့စံမီသမ္မာကျမ်း9 ကိုယ်တော်သည် ရွေးနုတ်ကယ်တင်ခြင်းကို မိမိ၏လူမျိုးတော်ထံစေလွှတ်၍ မိမိ၏ပဋိညာဉ်တော်ကို ထာဝရအတွက် ချမှတ်ထားတော်မူ၏။ ကိုယ်တော်၏နာမတော်သည် သန့်ရှင်း၍ အံ့ဩဖွယ်ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 ကိုယ်တော်သည်မိမိ၏လူစုတော်အား လွတ်မြောက်စေတော်မူပြီးလျှင် သူတို့နှင့်ထာဝရပဋိညာဉ်ပြုတော် မူ၏။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၍ တန်ခိုးကြီးတော်မူပါသည်တကား။ အခန်းကိုကြည့်ပါ။Garrad Bible9 လူ မျိုး တော် အား၊ ရွေး နုတ် ရာ အ ကြောင်း ကို စေ လွှတ်၍၊ ပ ဋိ ညာဉ် တော် ကို ကာ လ အ စဉ် ပြ ဋ္ဌာန်း တော် မူ၏။ သန့် ရှင်း ခန့် ညား ဖွယ် နာ မ တော် ရှိ သည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible9 မိမိလူတို့၌ ရွေးတော်မူခြင်းကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲထားတော်မူ၏။ နာမတော်သည်သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဖွယ်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့နာမကို မချီးမွမ်း၊ နှလုံးမသွင်းဘဲနေလျှင် သင်တို့အပေါ်သို့ ကျိန်ခြင်းကို ငါသက်ရောက်စေမည်။ သင်တို့၏ကောင်းချီးမင်္ဂလာကို အမင်္ဂလာ ဖြစ်စေမည်။ အကယ်စင်စစ် သင်တို့နှလုံးမသွင်းသောကြောင့် သင်တို့ကို ငါကျိန်ဆဲပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
အကယ်စင်စစ် ငါ၏အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ ထိုသို့ဖြစ်သည်မဟုတ်လော။ ကိုယ်တော်သည် ထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူသည်မဟုတ်လော။ အလုံးစုံကို စီရင်တော်မူပြီဖြစ်၍ စိတ်ချလုံခြုံရပါ၏။ ငါ့ကို အကြွင်းမဲ့ကယ်တင်တော်မူပြီ။ အလုံးစုံသောဆန္ဒတို့ကို ဖြည့်ဆည်းပေးတော်မူပြီ။