လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမြှောက်၍ သက်ကြီးဝါကြီးတို့စုဝေးရာအရပ်၌ ကိုယ်တော်ကိုချီးမွမ်းကြပါစေ။
ဆာလံ 68:26 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ကို လူထုပရိသတ်ကြီးအလယ်တွင် ကောင်းချီးထောမနာပြုကြလော့။ ထာဝရဘုရားကို အစ္စရေး၏စမ်းရေတွင်းမှ ကောင်းချီးထောမနာပြုကြလော့။ Common Language Bible ကိုယ်တော်၏လူစုတော်အစည်းအဝေးတွင် ဘုရားသခင်အားထောမနာပြုလော့။ ယာကုပ်၏သားမြေးအပေါင်းတို့၊ထာဝရ ဘုရားအားထောမနာပြုကြလော့။ Garrad Bible ရှေ့ က သီ ဆို သူ၊ နောက် က တီး မှုတ် သူ တို့ လျှောက် သွား လျက်၊ ပတ် သာ တီး သော အ ပျို တို့ ခြံ ရံ လျက်၊ Judson Bible ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းချီးပေးကြလော့။ |
လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမြှောက်၍ သက်ကြီးဝါကြီးတို့စုဝေးရာအရပ်၌ ကိုယ်တော်ကိုချီးမွမ်းကြပါစေ။
ဟာလေလုယ။ ငါသည် ဖြောင့်မှန်သောသူတို့၏ အစည်းအဝေးနှင့် လူထုပရိသတ်အလယ်တွင် ထာဝရဘုရား၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။
အကျွန်ုပ်၏ခြေသည် ညီညာသောအရပ်၌ရပ်နေပါ၏။ အကျွန်ုပ်သည် လူထုပရိသတ်ကြီးအလယ်တွင် ထာဝရဘုရားကို ကောင်းချီးထောမနာပြုပါမည်။
သီချင်းဆိုသူများနှင့်အတူ ကခုန်သူများကလည်း “ငါ၏စမ်းရေတွင်းရှိသမျှတို့သည် သင်၌ရှိ၏”ဟု ဆိုကြလိမ့်မည်။
အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။
သင်၏စမ်းရေများကို လမ်းပေါ်သို့လျှံထွက်စေ၍ လမ်းမများကို ရေစီးသောချောင်းများဖြစ်စေရသလော။
အို ယာကုပ်အမျိုးအနွယ်တို့၊ နားထောင်ကြလော့။ သင်တို့သည် အစ္စရေးဟူသောအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူ၊ ယုဒစမ်းရေတွင်းများမှ စီးထွက်လာသူ၊ သစ္စာတရားအားဖြင့်မဟုတ်၊ ဖြောင့်မတ်ခြင်းအားဖြင့်မဟုတ်ဘဲ ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုသူ၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံ ပတ္ထနာပြုသောသူ၊
အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာဖြင့် တသီးတခြားနေထိုင်ရမည်။ ယာကုပ်အမျိုးအနွယ်သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများရာအရပ်၊ ကောင်းကင်မှ နှင်းတဖွဲဖွဲကျရာအရပ်၌ နေထိုင်ရမည်။