Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 5:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင်​၏​စမ်းရေ​များ​ကို လမ်း​ပေါ်သို့​လျှံထွက်​စေ​၍ လမ်းမ​များ​ကို ရေစီး​သော​ချောင်း​များ​ဖြစ်​စေ​ရ​သလော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သင်၏ စမ်းရေများပြား၍၊ လမ်းများအနားမှာ စီးသော မြစ်များ ဖြစ်စေလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သင့် စမ်း ရေ သည် အ ရပ် ရပ် သို့ လည်း‌ ကောင်း၊ မြစ် များ သည် လည်း လမ်း များ သို့ လည်း‌ ကောင်း၊ ပျံ့ နှံ့ စီး သွား အပ် သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သင်၏​စမ်း​ရေ​များ​ပြား၍၊ လမ်း​များ​အ​နား​မှာ စီး​သော​မြစ်​များ ဖြစ်​စေ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 5:16
13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ရေဗက္ကာ​ကို​ကောင်းချီးပေး​လျက် “​ငါ​တို့​နှမ​၊ သင်​သည် လူ​အထောင်​အသောင်း​တို့​၏​အမိ​ဖြစ်လာ​ပါစေ​။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​နိုင်​ပါစေ​”​ဟု ဆို​ကြ​၏​။


သားသမီး​တို့​သည် ထာဝရဘုရား​ပေး​တော်မူ​သော​အမွေ​ဖြစ်​ကြ​၏​။ ဖွားမြင်​သော​ရင်သွေး​သည် ဆုလာဘ်​တော်​ဖြစ်​၏​။


သင့်​အိမ်​တွင် သင်​၏​မယား​သည် အသီး​များစွာ​သီး​သော​စပျစ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ သင်​၏​သားသမီး​တို့​သည်​လည်း သံလွင်​ပျိုးပင်​များ​ကဲ့သို့ သင့်​စားပွဲ​ပတ်လည်​၌​ရှိ​နေ​လိမ့်မည်​။


ဘုရားသခင်​ကို လူထုပရိသတ်​ကြီး​အလယ်​တွင် ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ထာဝရဘုရား​ကို အစ္စရေး​၏​စမ်းရေတွင်း​မှ ကောင်းချီးထောမနာ​ပြု​ကြ​လော့​။


သင်​၏​ရေလှောင်တွင်း​ထဲမှ​ရေ​၊ သင်​၏​ရေတွင်း​ထဲမှ​ထွက်​သော​ရေ​ကို သောက်​လော့​။


၎င်း​တို့​ကို သင်​တစ်ဦးတည်း​အတွက်​သာ ဖြစ်​စေ​လော့​။ သင့်​ထံ၌​ရှိ​သော​သူစိမ်း​များ​အတွက် မ​ဖြစ်​စေ​နှင့်​။


သင်​၏​စမ်းရေတွင်း​သည် မင်္ဂလာရှိ​ပါစေ​။ သင်​ပျိုရွယ်​စဉ်​ကတည်းက​ပေါင်းဖက်​ခဲ့​သော​မယား​၌ ဝမ်းမြောက်​ပါစေ​။


“​ခိုး​သောက်​သော​ရေ​သည် ချို​၍ ဝှက်​စား​သော​မုန့်​သည် အရသာ​ရှိ​၏​”​ဟု ဆို​၏​။


အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ သင်​သည် ပိတ်​ထား​သော​ဥယျာဉ်​၊ ပိတ်​ထား​သော​ရေကန်​၊ ပိတ်ဆို့​ထား​သော​စမ်းရေပေါက် ဖြစ်​၏​။


ဥယျာဉ်​ထဲမှ​စမ်းချောင်း​၊ စမ်းရေ​တွင်း​၊ လက်ဘနွန်​တောင်​မှ စီးဆင်း​လာ​သော​ရေ ဖြစ်​၏​။​”


သူ​တို့​ကို တောကန္တာရ​ထဲတွင် ပို့ဆောင်​တော်မူ​စဉ် သူ​တို့​သည် ရေ​မ​ငတ်​ရ​ကြ​။ ကိုယ်တော်​သည် သူ​တို့​အဖို့ ကျောက်ဆောင်​ထဲမှ ရေ​စီးဆင်း​စေ​တော်မူ​၏​။ ကျောက်ဆောင်​ကို​ခွဲ​တော်မူ​သဖြင့် ရေ​စီးထွက်​လေ​၏​။


အစ္စရေး​လူမျိုး​သည် ဘေးကင်းလုံခြုံ​စွာ​ဖြင့် တသီးတခြား​နေထိုင်​ရ​မည်​။ ယာကုပ်​အမျိုးအနွယ်​သည် ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ပေါများ​ရာ​အရပ်​၊ ကောင်းကင်​မှ နှင်း​တဖွဲဖွဲကျ​ရာ​အရပ်​၌ နေထိုင်​ရ​မည်​။


ထို​သူ​၌ သား​အယောက်​သုံးဆယ်​၊ သမီး​အယောက်​သုံးဆယ်​ရှိ​၏​။ သူ​သည် သမီး​အယောက်​သုံးဆယ်​ကို အခြား​မျိုးနွယ်စု​တို့​နှင့်​ပေးစား​ပြီး သား​အယောက်​သုံးဆယ်​အတွက် အခြား​မျိုးနွယ်စု​မှ အမျိုးသမီး​အယောက်​သုံးဆယ်​ကို ခေါ်ဆောင်​လာ​ပေး​၏​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို ခုနစ်​နှစ်​စီရင်အုပ်ချုပ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ