ကိုယ်တော်သည် မိမိ၏အစွမ်းတန်ခိုးတော်ဖြင့် အစဉ်အမြဲအုပ်စိုးတော်မူ၏။ ကိုယ်တော်၏မျက်စိတော်သည် လူမျိုးတကာတို့ကို သေချာစွာကြည့်ရှုတော်မူ၏။ ငြင်းဆန်သောသူတို့သည် သူတို့ကိုယ်သူတို့ မချီးမြှောက်ကြပါစေနှင့်။(စေလာ)
ကိုယ်တော်သည်ဘုန်းအာနုဘော်တော်အားဖြင့် အစဉ်အမြဲအုပ်စိုးတော်မူ၍ လူမျိုးတကာတို့၏ခြေလှမ်းကိုကြည့်လျက် နေတော်မူ၏။ အဘယ်သူမျှကိုယ်တော်အားမပုန်ကန်ပါစေနှင့်။
တန် ခိုး တော် အား ဖြင့်၊ ကာ လ အ စဉ် အုပ် စိုး လျက်၊ စ က္ခု တော် အား ဖြင့်၊ လူ မျိုး ခြား တို့ ကို ရှု မှတ် လျက် နေ တော် မူ၏။ ပုန် ကန် တတ် သူ တို့ သည်၊ ကိုယ် ကို မ ချီး မြှောက် ကြ စေ နှင့်။
တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ၏။ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည်ဖြစ်၍၊ ငြင်းဆန်သောသူတို့သည် မဝါကြွားကြစေနှင့်။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
ထာဝရဘုရားသည် မိမိ၏သန့်ရှင်းသောဗိမာန်တော်၌ စံနေတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ရှိ၏။ ကိုယ်တော်သည် မျက်စိတော်ဖြင့်ကြည့်ရှု၍ မျက်ခမ်းတော်ဖြင့် လူသားတို့ကို စစ်ဆေးတော်မူ၏။
အို ထာဝရဘုရား၊ ဆိုးယုတ်သောသူ၏အလိုဆန္ဒကို ဖြည့်ဆည်းပေးတော်မမူပါနှင့်။ သူ၏အကြံကိုထမြောက်စေတော်မမူပါနှင့်။(စေလာ)
ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပါ၏။ ကိုယ်တော်၏အုပ်စိုးမှုသည်လည်း မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ထာဝရဘုရားသည် ကောင်းကင်ဘုံမှ အောက်သို့ကြည့်၍ လူသားအပေါင်းတို့ကို မြင်တော်မူ၏။
ဘုရားသခင်က တစ်ကြိမ်မိန့်တော်မူပြီး နှစ်ကြိမ် ငါကြားရသောအရာဟူမူကား အစွမ်းသတ္တိကို ဘုရားသခင်ပိုင်တော်မူ၏။
အကြောင်းမူကား ချီးမြှောက်ခြင်းသည် အရှေ့အရပ်၊ အနောက်အရပ်၊ သို့မဟုတ် တောကန္တာရအရပ်မှလာသည်မဟုတ်။
သူတို့သည် အစ္စရေးလူမျိုးတို့ကို ဖိနှိပ်ညှဉ်းဆဲသောအမှုအရာကြောင့် ထာဝရဘုရားသည် ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူကြောင်းကို ယခုငါသိပြီ”ဟု ဆို၏။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]