ဆာလံ 66:8 - မြန်မာ့စံမီသမ္မာကျမ်း8 အို လူများတို့၊ ငါတို့ဘုရားသခင်ကို ကောင်းချီးထောမနာပြုကြလော့။ ကိုယ်တော်ကိုချီးမွမ်းသောအသံကို ကြွေးကြော်ကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible8 လူမျိုးအပေါင်းတို့၊ငါတို့၏ဘုရားအား ထောမနာပြုကြလော့။ သင်တို့၏ထောမနာသံကိုကြားပါစေ။ အခန်းကိုကြည့်ပါ။Garrad Bible8 အ ချင်း လူ မျိုး တို့၊ ငါ တို့ ဘု ရား သ ခင် အား ဩ ဘာ ဆက် လျက်၊ ချီး မွမ်း ဖွယ် သ တင်း လွှင့် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible8 အချင်းလူစုတို့၊ ငါတို့ ဘုရားသခင်ကို ကောင်းချီးပေးကြလော့။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသော စကားသံနှင့် ကြွေးကြော်ကြလော့။ အခန်းကိုကြည့်ပါ။ |
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။