ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းသာအားရဖြစ်ကြ၏။ အပြစ်ကင်းသောသူသည်လည်း သူတို့အား ပြက်ရယ်ပြု၏။
ဆာလံ 64:10 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ဝမ်းမြောက်၍ ကိုယ်တော်ကိုခိုလှုံလိမ့်မည်။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့သည်လည်း ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။ Common Language Bible ထာဝရဘုရားပြုတော်မူသောအမှုတော်ကြောင့် သူတော်ကောင်းအပေါင်းတို့သည်ရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည်ထာဝရဘုရား၏ထံတော်တွင် ခိုလှုံကြလိမ့်မည်။ စိတ်နှလုံးဖြူစင်ဖြောင့်မတ်သူအပေါင်းတို့သည် ကိုယ်တော်အားထောမနာပြုကြလိမ့်မည်။ Garrad Bible ဖြောင့် မတ် သူ မူ ကား၊ ထာ ဝ ရ ဘု ရား ၌ ဝမ်း မြောက် ခို လှုံ ခွင့်၊ သ ဘော ဖြောင့် သူ ရှိ သ မျှ တို့ ပင်၊ ဂုဏ် ရောက် ခွင့် ရ ကြ လိမ့် သ တည်း။ Judson Bible ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ ဝမ်းမြောက်၍ ခိုလှုံလိမ့်မည်။ သဘောဖြောင့်သော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။ |
ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းသာအားရဖြစ်ကြ၏။ အပြစ်ကင်းသောသူသည်လည်း သူတို့အား ပြက်ရယ်ပြု၏။
ငါသည် ထာဝရဘုရားကိုခိုလှုံ၏။ သင်တို့သည် ငါ၏စိတ်ဝိညာဉ်အား “ငှက်ကဲ့သို့ သင်၏တောင်ပေါ်သို့ ထွက်ပြေးလော့”ဟု မည်သို့ဆိုနိုင်မည်နည်း။
သူ၏သားမြေးစဉ်ဆက်တို့သည် ကမ္ဘာမြေကြီးပေါ်တွင်ခွန်အားကြီးသောသူဖြစ်ကြလိမ့်မည်။ ဖြောင့်မှန်သောသူ၏မျိုးဆက်သည် ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
အကျွန်ုပ်၏အသက်ကိုစောင့်ရှောက်၍ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခိုလှုံသည်ဖြစ်၍ အရှက်မကွဲရပါစေနှင့်။
ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ဝမ်းမြောက်၍ရွှင်လန်းကြလော့။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။
အကျွန်ုပ်တို့၏ဘုရားသခင်ကို ချီးမွမ်းရာသီချင်းအသစ်ကိုလည်း အကျွန်ုပ်၏နှုတ်၌ သွင်းပေးတော်မူ၏။ များစွာသောလူတို့သည် မြင်၍ကြောက်ရွံ့လျက် ထာဝရဘုရားကို ယုံကြည်ကိုးစားကြလိမ့်မည်။
ဖြောင့်မတ်သောသူသည် လက်စားချေခြင်းကိုမြင်ရသဖြင့် ဝမ်းမြောက်လိမ့်မည်။ သူသည် ဆိုးယုတ်သောသူ၏သွေး၌ မိမိ၏ခြေကို ဆေးကြောလိမ့်မည်။
အလင်းသည် ဖြောင့်မတ်သောသူတို့အပေါ်၌လည်းကောင်း၊ ဝမ်းမြောက်ခြင်းသည် စိတ်နှလုံးဖြောင့်မှန်သော သူတို့အပေါ်၌လည်းကောင်း ဖြာကျလျက်ရှိ၏။
ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။
သခင်ဘုရား၌ အစဉ်အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။