ဆာလံ 64:10 - Common Language Bible10 ထာဝရဘုရားပြုတော်မူသောအမှုတော်ကြောင့် သူတော်ကောင်းအပေါင်းတို့သည်ရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည်ထာဝရဘုရား၏ထံတော်တွင် ခိုလှုံကြလိမ့်မည်။ စိတ်နှလုံးဖြူစင်ဖြောင့်မတ်သူအပေါင်းတို့သည် ကိုယ်တော်အားထောမနာပြုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible10 ဖြောင့် မတ် သူ မူ ကား၊ ထာ ဝ ရ ဘု ရား ၌ ဝမ်း မြောက် ခို လှုံ ခွင့်၊ သ ဘော ဖြောင့် သူ ရှိ သ မျှ တို့ ပင်၊ ဂုဏ် ရောက် ခွင့် ရ ကြ လိမ့် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible10 ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ ဝမ်းမြောက်၍ ခိုလှုံလိမ့်မည်။ သဘောဖြောင့်သော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ဝမ်းမြောက်၍ ကိုယ်တော်ကိုခိုလှုံလိမ့်မည်။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့သည်လည်း ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည်ထာဝရဘုရား၏ထံတော်တွင်ခိုလှုံ ပါ၏။ ``တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုမရှိသောအခါ သူတော်ကောင်းတို့သည်အဘယ်သို့မျှမတတ် နိုင်။ သူယုတ်မာတို့သည်သူတော်ကောင်းတို့ကို ချောင်းမြောင်းပစ်ခတ်ရန်လေးကိုတင်၍မြားကို ချိန်ရွယ်လျက်နေလေပြီ။ ထိုကြောင့်``တောင်ပေါ်သို့ငှက်ကဲ့သို့ ပျံတက်လော့'' ဟု ငါ့အားသင်တို့ပြောဆိုကြသည်မှာလွန်စွာ မိုက်မဲလေစွတကား။
ငါမူကားငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား အဘယ်အရာအတွက်မျှဂုဏ်ယူဝါကြွား လိမ့်မည်မဟုတ်။ ကိုယ်တော်၏လက်ဝါးကပ် တိုင်တော်ကြောင့် ဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှသည် ငါနှင့်လည်းကောင်း၊ ငါ သည်လည်းဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှနှင့်လည်းကောင်း အဆက် ပြတ်လျက်ရှိ၏။-