ဆာလံ 25:20 - မြန်မာ့စံမီသမ္မာကျမ်း20 အကျွန်ုပ်၏အသက်ကိုစောင့်ရှောက်၍ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခိုလှုံသည်ဖြစ်၍ အရှက်မကွဲရပါစေနှင့်။ အခန်းကိုကြည့်ပါ။Common Language Bible20 ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက်တော်မူပါ။ ကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံရန်ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအား အရှက်ကွဲစေတော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။Garrad Bible20 အ ကျွန်ုပ် အ သက် ကို စောင့် ထိန်း၍ ကယ် လွှတ် တော် မူ ပါ။ ကိုယ် တော်၌ အ ကျွန်ုပ် ခို လှုံ သည် ဖြစ်၍ အ ရှက် ကွဲ စေ တော် မ မူ ပါ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible20 အကျွန်ုပ်အသက်ကိုစောင့်ရှောက်၍၊ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်ကိုနိုင်ထက်စီးနင်းပြုသည့် ဆိုးယုတ်သောသူတို့၏ရှေ့မှလည်းကောင်း၊ အကျွန်ုပ်ကိုဝိုင်းရံထားလျက် အကျွန်ုပ်ကိုသတ်လိုသောရန်သူတို့ရှေ့မှလည်းကောင်း အကျွန်ုပ်ကို ကိုယ်တော်၏မျက်စိသူငယ်အိမ်ကဲ့သို့ စောင့်ရှောက်တော်မူပါ။ ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ အကျွန်ုပ်ကိုဖုံးကွယ်ထားတော်မူပါ။