ထိုအခါ အာဗြဟံသည် ဘုရားသခင်ထံသို့ဆုတောင်းလေ၏။ ဘုရားသခင်သည်လည်း အဘိမလက်မင်းကြီးမှစ၍ သူ၏မိဖုရား၊ သူ၏ကျွန်မတို့ကို ကျန်းမာစေတော်မူသဖြင့် သူတို့သည် သားသမီးကိုမွေးဖွားကြ၏။
ဆာလံ 6:2 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ အကျွန်ုပ်သည် အားအင်ချည့်နဲ့နေသည်ဖြစ်၍ အကျွန်ုပ်ကိုသနားတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် ထိတ်လန့်လျက်ရှိကြသည်ဖြစ်၍ အကျွန်ုပ်ကိုကျန်းမာစေတော်မူပါ။ Common Language Bible ကျွန်တော်မျိုးသည်မောပန်းနွမ်းနယ်လျက်ရှိ သည်ဖြစ်၍ ကျွန်တော်မျိုးအားသနားတော်မူပါ။ လုံးဝအင်အားကုန်ခန်းလျက်ရှိသဖြင့် ပြန်လည်အင်အားပြည့်စေတော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ပိန် ကြုံ လျက် ရှိ သော ကြောင့် သ နား တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ ရိုး စုံ နာ ကျင် လျက် ရှိ သော ကြောင့် ချမ်း သာ စေ တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်းလှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိရှိစေတော်မူပါ။ |
ထိုအခါ အာဗြဟံသည် ဘုရားသခင်ထံသို့ဆုတောင်းလေ၏။ ဘုရားသခင်သည်လည်း အဘိမလက်မင်းကြီးမှစ၍ သူ၏မိဖုရား၊ သူ၏ကျွန်မတို့ကို ကျန်းမာစေတော်မူသဖြင့် သူတို့သည် သားသမီးကိုမွေးဖွားကြ၏။
အို ငါ့မိတ်ဆွေတို့၊ ငါ့ကို သနားကြပါ။ သနားကြပါ။ ဘုရားသခင်သည် ငါ့ကို ရိုက်နှက်တော်မူပြီ။
အကြောင်းမူကား ထိုအရှင်သည် နာကျင်စေသော်လည်း အနာကို ပတ်စည်းပေးတော်မူ၏။ ဒဏ်ရာရစေသော်လည်း ဒဏ်ရာကိုပျောက်ကင်းစေတော်မူ၏။
အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီအော်ဟစ်တောင်းခံရာ ကိုယ်တော်သည် အကျွန်ုပ်ကိုကျန်းမာစေတော်မူ၏။
အကြောင်းမူကား အကျွန်ုပ်၏အသက်တာသည် ဝမ်းနည်းခြင်းဖြင့်လည်းကောင်း၊ အကျွန်ုပ်၏နှစ်ကာလတို့သည် ညည်းတွားခြင်းဖြင့်လည်းကောင်း ကုန်လွန်ခဲ့ပါပြီ။ အကျွန်ုပ်၏ဒုစရိုက်ကြောင့် အကျွန်ုပ်၏ခွန်အားသည် ချည့်နဲ့သွား၍ အကျွန်ုပ်၏အရိုးတို့သည် အားလျော့ကြပါပြီ။
အကျွန်ုပ်သည် တိတ်ဆိတ်စွာနေသောအခါ တစ်နေ့လုံးညည်းတွားရ၍ အကျွန်ုပ်၏အရိုးတို့သည် ဆွေးမြည့်ကြပါ၏။
အကြောင်းမူကား ကိုယ်တော်၏မြားတို့သည် အကျွန်ုပ်၌စူးဝင်၍ ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုဖိထားလျက်ရှိပါ၏။
ကိုယ်တော်၏အမျက်တော်ကြောင့် အကျွန်ုပ်၏ကိုယ်ခန္ဓာ၌ အနာတရကင်းသောနေရာမရှိပါ။ အကျွန်ုပ်၏အပြစ်များကြောင့် အကျွန်ုပ်၏အရိုးတို့သည် သန်စွမ်းခြင်းမရှိပါ။
အကြောင်းမူကား အကျွန်ုပ်၏ခါးတစ်ဝိုက်လုံးသည် ပူလောင်နာကျင်၍ အကျွန်ုပ်၏ကိုယ်ခန္ဓာ၌ အနာတရကင်းသောနေရာမရှိပါ။
အကျွန်ုပ်အား ရွှင်မြူးခြင်းနှင့်ဝမ်းမြောက်ခြင်းကို ကြားစေတော်မူပါ။ ကိုယ်တော်ကြေမွစေသောအရိုးတို့ကိုလည်း ရွှင်လန်းစေတော်မူပါ။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုပဲ့ပြင်တော်မူသောအခါ အမျက်တော်ဖြင့်မဟုတ်ဘဲ တရားမျှတမှုဖြင့် ပဲ့ပြင်တော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်အကျိုးနည်းရပါလိမ့်မည်။
အို ထာဝရဘုရား အကျွန်ုပ်ကို ကျန်းမာစေတော်မူပါ။ သို့မှသာ အကျွန်ုပ် ကျန်းမာပါလိမ့်မည်။ အကျွန်ုပ်ကိုကယ်တော်မူပါ။ သို့မှသာ အကျွန်ုပ် ကယ်တင်ခြင်းခံရပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်၏ချီးမွမ်းရာဖြစ်တော်မူပါ၏။
လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။
မောရှေက “အို ဘုရားသခင်၊ မိရိအံကို ရောဂါပျောက်ကင်းစေတော်မူပါ”ဟု ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်လေ၏။
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။
ငါသာလျှင် ဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် အသက်ကိုသေစေနိုင်၏၊ ရှင်စေနိုင်၏။ ငါသည် ဒဏ်ရာရစေနိုင်၏၊ ပျောက်ကင်းစေနိုင်၏။ မည်သူမျှ ငါ့လက်မှ မလွတ်မြောက်နိုင်။