Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 6:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အို ထာဝရဘုရား​၊ ကိုယ်တော်​၏​အမျက်​တော်​ဖြင့် အကျွန်ုပ်​ကို​ဆုံးမ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အမျက်ဒေါသ​ဖြင့် အကျွန်ုပ်​ကို​ပဲ့ပြင်​တော်​မ​မူ​ပါ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​အ​မျက်​တော်​ထွက်​၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။ အ​မျက်​တော်​ထွက်​၍​အ​ပြစ်​ဒဏ်​ပေး​တော် မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အို ထာ ဝ ရ ဘု ရား၊ အ မျက် တော် ထား၍ အ ကျွန်ုပ် ကို ပဲ့ ပြင် တော် မ မူ ပါ နှင့်။ မ သာ မ ယာ သော စိတ် ရှိ၍ ဆုံး မ တော် မ မူ ပါ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​ကို​အ​ပြစ်​တင်​တော်​မ​မူ​ပါ​နှင့်။ ပြင်း​စွာ​အ​မျက်​ထွက်၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 6:1
12 ပူးပေါင်းရင်းမြစ်များ  

ဇာခရိ​၊ အဇေလ​၊ ရှေမိရာမုတ်​၊ ယေဟေလ​၊ ဥန္နိ​၊ ဧလျာဘ​၊ မာသေယ​၊ ဗေနာယ တို့​သည် အာလမုတ်​သံစဉ်​နှင့်အညီ စောင်းပြား​ကို တီး​ရ​၏​။


မတ္တိသိ​၊ ဧလိဖလေ​၊ မိတ်နေယ​၊ ဩဗဒေဒုံ​၊ ယေယေလ​၊ အာဇဇိ တို့​သည် ရှေမိနိတ်​သံစဉ်​နှင့်အညီ​စောင်း​ကို တီး​ရ​သော ဂီတမှူး​များ ဖြစ်​ကြ​၏​။


ထာဝရဘုရား​သည် ငါ့​ကို​ပြင်းထန်​စွာ​ပဲ့ပြင်​သော်လည်း သေ​ခြင်း​လက်​သို့ ငါ့​ကို​အပ်​တော်​မ​မူ​ခဲ့​ပေ​။


အို ထာဝရဘုရား​၊ ကယ်တင်​တော်မူ​ပါ​။ အကြောင်းမူကား ဘုရားဝတ်​၌​မွေ့လျော်​သော​သူ​မရှိ​တော့​ပါ​။ သစ္စာရှိ​သော​သူ​တို့​သည်​လည်း လူသား​တို့​ထဲတွင် ပျောက်ကွယ်​သွား​ကြ​ပါ​ပြီ​။


ထို့နောက် ကိုယ်တော်​သည် မိမိ​၏​အမျက်​တော်​ဖြင့် သူ​တို့​ကို​မိန့်​တော်မူ​၍ မိမိ​၏​ပြင်းထန်​သော​အမျက်​တော်​ဖြင့် သူ​တို့​ကို​ထိတ်လန့်​စေ​တော်မူ​ကာ


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​အမျက်​တော်​ဖြင့် အကျွန်ုပ်​ကို ဆုံးမ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အမျက်ဒေါသ​ဖြင့် အကျွန်ုပ်​ကို ပဲ့ပြင်​တော်​မ​မူ​ပါ​နှင့်​။


အကျွန်ုပ်​ကို​ဖြောင့်မတ်​စေ​တော်မူ​သော ဘုရားသခင်​၊ အကျွန်ုပ်​ခေါ်​သောအခါ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​ဆင်းရဲဒုက္ခ​ထဲ​ရောက်​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​ကို ချမ်းသာ​ပေး​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​ကို​သနား​၍ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။


သင့်​ကို​သနားစုံမက်​တော်မူ​သော​ထာဝရဘုရား​က “​ဤ​အမှု​သည် နောဧ​လက်ထက် ရေလွှမ်းမိုး​သကဲ့သို့​ဖြစ်​၏​။ နောဧ​လက်ထက်​၌ ရေလွှမ်းမိုး​သကဲ့သို့ ကမ္ဘာမြေကြီး​ကို နောက်တစ်ဖန်​ရေ​မ​လွှမ်းမိုး​ရ​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​နည်းတူ သင့်​ကို​အမျက်​မ​ထွက်​၊ အပြစ်တင်ဆုံးမ​ခြင်း​လည်း​မ​ပြု​ဟု ငါ​ကျိန်ဆို​၏​။


ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​သော​ဝိညာဉ်​၊ ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​သော​ဇီဝအသက်​တို့​သည် ငါ့​ရှေ့​မှာ မ​ညှိုးငယ်​စေရန် ငါ​သည် အစဉ်​အပြစ်တင်​မည်​မ​ဟုတ်​။ အစဉ်​အမျက်ထွက်​မည်​မ​ဟုတ်​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ပဲ့ပြင်​တော်မူ​သောအခါ အမျက်​တော်​ဖြင့်​မ​ဟုတ်​ဘဲ တရားမျှတမှု​ဖြင့် ပဲ့ပြင်​တော်မူ​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​အကျိုးနည်း​ရ​ပါ​လိမ့်မည်​။


အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင့်​ကို ငါ​နှင်ထုတ်​၍ သင်​ရောက်​လေ​ရာ​အရပ်​ရှိ လူမျိုး​အားလုံး​ကို သုတ်သင်ဖျက်ဆီး​မည်​။ သင့်​ကို ငါ​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​သော်လည်း အပြစ်​မ​ပေး​ဘဲ​မ​နေ​။ သင့်​ကို တရားမျှတ​စွာ​ဆုံးမ​မည်​”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ