ထို့ကြောင့် ရှင်ဘုရင်အား “အကျွန်ုပ်တိုင်းပြည်၌ ကြားသိနေရသော မင်းကြီး၏အောင်မြင်မှုသတင်း၊ ဉာဏ်ပညာသတင်းများသည် အမှန်ပင်ဖြစ်ပေ၏။
ဆာလံ 48:9 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်ကို ကိုယ်တော်၏ဗိမာန်တော်ထဲ၌ အကျွန်ုပ်တို့အောက်မေ့ဆင်ခြင်ကြပါ၏။ Common Language Bible အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ဗိမာန်တော်အတွင်း၌ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုဆင်ခြင်ကြပါ၏။ Garrad Bible အို ဘု ရား သ ခင်၊ မေ တ္တာ ကျေး ဇူး တော် ကို ဗိ မာန် တော် အ တွင်း၊ အ ကျွန်ုပ် တို့ ဆင် ခြင် ကြ ပါ ပြီ။ Judson Bible အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ဗိမာန်တော်ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါ၏။ |
ထို့ကြောင့် ရှင်ဘုရင်အား “အကျွန်ုပ်တိုင်းပြည်၌ ကြားသိနေရသော မင်းကြီး၏အောင်မြင်မှုသတင်း၊ ဉာဏ်ပညာသတင်းများသည် အမှန်ပင်ဖြစ်ပေ၏။
အကျွန်ုပ်ကိုယ်တိုင် ဤနေရာသို့လာ၍ မျက်စိဖြင့်မမြင်ရမီအထိ ဤသတင်းကို မယုံကြည်ခဲ့ပါ။ အကျွန်ုပ်ကြားသိထားသောအရာသည် ထက်ဝက်မျှပင်မရှိပါ။ မင်းကြီး၏ဉာဏ်ပညာနှင့် စည်းစိမ်များသည် အကျွန်ုပ်ကြားသိရသည်ထက် သာလွန်နေပါသည်တကား။
ငါ၏ဆင်ခြင်တွေးတောမှုသည် ကိုယ်တော်အတွက် နှစ်သက်ဖွယ်ဖြစ်ပါစေသော။ ငါသည် ထာဝရဘုရား၌ဝမ်းမြောက်မည်။
အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်၏မျက်မှောက်တွင်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏သမ္မာတရား၌ လျှောက်လှမ်းပါ၏။
အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို အကျွန်ုပ်စိတ်နှလုံးထဲ၌ ဖုံးကွယ်မထားပါ။ ကိုယ်တော်၏သစ္စာတော်နှင့် ကိုယ်တော်၏ကယ်တင်ခြင်းအကြောင်းကို အကျွန်ုပ်ပြောကြားပါပြီ။ ကိုယ်တော်၏မေတ္တာကရုဏာနှင့် ကိုယ်တော်၏သမ္မာတရားကို လူအစုအဝေးကြီးအလယ်၌ အကျွန်ုပ်ထိမ်ဝှက်မထားပါ။
ဇိအုန်မြို့နှင့်ပတ်သက်၍မူကား “ဤသူသည် ဇိအုန်မြို့၌ မွေးဖွား၏။ ထိုသူသည် ဇိအုန်မြို့၌ မွေးဖွား၏”ဟု မြွက်ဆိုလိမ့်မည်။ အမြင့်ဆုံးသောအရှင်ကိုယ်တိုင်သည်လည်း ထိုမြို့ကို တည်မြဲစေတော်မူလိမ့်မည်။
အကျွန်ုပ်ကို ဆွဲခေါ်သွားပါ။ အကျွန်ုပ်တို့ ပြေးကြပါစို့။ ရှင်ဘုရင်သည် အကျွန်ုပ်ကို အတွင်းခန်းသို့ ခေါ်ဆောင်သွားပါ၏။” “အကျွန်ုပ်တို့ ရွှင်လန်းဝမ်းမြောက်ကြပါ၏။ စပျစ်ဝိုင်ထက် အရှင့်မေတ္တာအကြောင်းကို ချီးမွမ်းကြပါမည်။ အရှင့်ကို အမှန်တကယ်ချစ်ကြပါ၏။”
အို ထာဝရဘုရား၊ ကိုယ်တော်၏တရားလမ်း၌ ကိုယ်တော်ကို အကျွန်ုပ်တို့စောင့်မျှော်ကြပါ၏။ ကိုယ်တော်၏နာမတော်၊ ကိုယ်တော်ပြုတော်မူသော အမှတ်ရစရာကို ကျွန်ုပ်တို့၏စိတ်ဝိညာဉ် တောင့်တပါ၏။
အလောင်းကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့်ဝှမ်းတစ်ခုလုံး၊ ကေဒြုန်ချောင်းမှ အရှေ့ဘက်မြင်းတံခါးထောင့်အထိ ကွင်းပြင်တစ်ခုလုံးသည် ထာဝရဘုရားအတွက် သန့်ရှင်းသောနေရာဖြစ်လာမည်။ ဘယ်သောအခါမျှ ဖြိုဖျက်မှောက်လှန်ခြင်းခံရမည်မဟုတ်”ဟု မိန့်တော်မူ၏။