Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 48:9 - Common Language Bible

9 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​အ​တွင်း​၌ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဆင်​ခြင်​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အို ဘု ရား သ ခင်၊ မေ တ္တာ ကျေး ဇူး တော် ကို ဗိ မာန် တော် အ တွင်း၊ အ ကျွန်ုပ် တို့ ဆင် ခြင် ကြ ပါ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ဗိ​မာန်​တော်​ထဲ​မှာ က​ရု​ဏာ​တော်​ကို အောက်​မေ့​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို ကိုယ်တော်​၏​ဗိမာန်တော်​ထဲ​၌ အကျွန်ုပ်​တို့​အောက်မေ့ဆင်ခြင်​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 48:9
14 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ရှော​လ​မုန်​အား``ကျွန်ုပ်​သည်​ရှေ​ဘ​ပြည် တွင်​ရှိ​စဉ်​အ​ခါ​က အ​ဆွေ​တော်​နှင့်​အ​ဆွေ​တော် ၏​ဉာဏ်​ပ​ညာ​တော်​အ​ကြောင်း​ကို​ကြား​သိ​ခဲ့​ရ သည့်​သ​တင်း​မှန်​ပေ​၏။-


သို့​ရာ​တွင်​ကျွန်ုပ်​သည်​ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ မ​တွေ့​မ​မြင်​ရ​မိ​စဉ်​အ​ခါ​က ထို​သတင်း​ကို မ​ယုံ​နိုင်​ပါ။ ထို​စဉ်​အ​ခါ​က​ကျွန်ုပ်​ကြား​သိ ရ​သည့်​အ​ရာ​များ​သည် ယ​ခု​တွေ့​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​၏​ထက်​ဝက်​မျှ​ပင်​မ​ရှိ​ပါ။ အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​တော်​နှင့်​စည်း​စိမ် ချမ်း​သာ​သည်​ကျွန်ုပ်​ကြား​သိ​ခဲ့​သည်​ထက် များ​စွာ​ပို​မို​ကြီး​ကျယ်​ပါ​ပေ​သည်။-


ကိုယ်​တော်​သည်​ငါ့​ကို​ဝမ်း​မြောက်​စေ​တော်​မူ​သည် ဖြစ်​၍ ငါ​ဆို​သော​သီ​ချင်း​ကို​ကိုယ်​တော်​နှစ်​သက် တော်​မူ​ပါ​စေ​သော။


ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​လမ်း​ပြ​ပါ​၏။ သစ္စာ​တော်​သည်​ကျွန်​တော်​မျိုး​အား အ​စဉ်​ပို့​ဆောင်​လျက်​ရှိ​ပါ​၏။


ကျွန်​တော်​မျိုး​သည်​ကယ်​တင်​ခြင်း​သ​တင်း​တော်​ကို မျို​သိပ်​၍​မ​ထား​ပါ။ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​နှင့် ကူ​မ​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို အ​စဉ်​ပင်​ဖော်​ပြ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​နှင့် ခိုင်​မြဲ​သော​မေတ္တာ​တော်​အ​ကြောင်း​တို့​ကို မ​ထိမ်​မ​ဝှက်​ပါ။


ဇိ​အုန်​တောင်​အား​လူ​မျိုး​အ​ပေါင်း​တို့​ဖွား​မြင်​ရာ မိ​ခင်​ဟူ​၍​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သည် ထို​တောင်​ကို​ခိုင်​ခံ့​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း​လူ​တို့​ပြော​ဆို​ကြ လိမ့်​မည်။


အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။


ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​လို​တော်​အ​တိုင်း​လိုက်​၍၊ ကိုယ်​တော်​ရှင်​အား​မျှော်​ကိုး​လျက်​ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင် တောင့်​တ​ကြ​ပါ​၏။


လူ​သေ​အ​လောင်း​များ​နှင့်​အ​မှိုက်​များ​စွန့်​ပစ် ရာ​ချိုင့်​ဝှမ်း​တစ်​ခု​လုံး​သည်​လည်း​ကောင်း၊ အ​ရှေ့ ဘက်​မြင်း​တံ​ခါး​တိုင်​အောင်​ကေ​ဒြုန်​ချောင်း အ​ထက်​ရှိ​လယ်​ပြင်​အ​ပေါင်း​သည်​လည်း​ကောင်း ငါ့​အ​ဖို့​မြင့်​မြတ်​သန့်​ရှင်း​ရာ​ဖြစ်​လိမ့်​မည်။ ဤ​မြို့​တော်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ဖြို​ချ​ဖျက်​ဆီး​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ