ထိုအခါ ယောယဒ၏သား ဗေနာယက ရှင်ဘုရင်အား “အာမင်။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားသည်လည်း ထိုသို့ မိန့်တော်မူပါစေသော။
ဆာလံ 41:13 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှ ထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ အာမင်နှင့် အာမင်။ Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။ အာမင်၊ အာမင်။ Garrad Bible ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ အ န န္တ ကာ လ ပတ် လုံး မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။ အာ မင်။ အာ မင်။ Judson Bible ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။ |
ထိုအခါ ယောယဒ၏သား ဗေနာယက ရှင်ဘုရင်အား “အာမင်။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားသည်လည်း ထိုသို့ မိန့်တော်မူပါစေသော။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ကာလအစဉ်အဆက်မင်္ဂလာရှိပါစေသော ဟုသီဆိုကြ၍ လူအပေါင်းတို့က “အာမင်”ဟုဆိုလျက် ထာဝရဘုရားကို ချီးမွမ်းကြ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးရှေ့တွင် ထာဝရဘုရားကို ချီးမွမ်းထောမနာပြုလေ၏။ ဒါဝိဒ်မင်းကြီးကလည်း “အကျွန်ုပ်တို့၏ဘိုးဘေး အစ္စရေး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူပါစေသော။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ လူမျိုးအပေါင်းတို့သည် အာမင်ဟုဆိုကြပါစေသော။ ဟာလေလုယ။
ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို စောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့ကို မြေပြင်အထိနိမ့်ကျစေတော်မူ၏။
“အာမင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပါစေသော။ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်ပစ္စည်းများနှင့် သုံ့ပန်းအားလုံးကို ဘေဘီလုံမြို့မှ ဤအရပ်သို့ ပြန်ခေါ်ဆောင်လာမည်ဟူ၍ သင်ပရောဖက်ပြုဟောပြောသည့်အတိုင်း ထာဝရဘုရား ပြည့်စုံစေပါစေ။
ကျိန်ခြင်းကိုဖြစ်စေသည့် ဤရေသည် သင်၏ကိုယ်ထဲသို့ဝင်၍ ဝမ်းကိုဖောရောင်စေပြီး ပေါင်ကိုချည့်နဲ့စေပါစေဟု ယဇ်ပုရောဟိတ်သည် သင့်ကို ကျိန်စာတိုက်မည်’ဟု ဆိုရမည်။ ထိုမိန်းမကလည်း ‘အာမင်၊ အာမင်’ဟု ဆိုရမည်။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
သို့မဟုတ်လျှင် သင်သည် စိတ်ဝိညာဉ်အားဖြင့် ကျေးဇူးတော်ချီးမွမ်းသောအခါ ကျွမ်းဝင်မှုမရှိသေးသော အုပ်စုအဝင်ဖြစ်သောသူသည် သင်ပြောနေသည့်စကားကို နားမလည်သောကြောင့် သင်၏ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် “အာမင်”ဟု မည်သို့ပြောနိုင်မည်နည်း။
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
“အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ယခုရှိလျက် ယခင်ကလည်းရှိသည့် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည် မဟာတန်ခိုးတော်ကိုယူဆောင်လျက် စိုးစံတော်မူသောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
ဤအကြောင်းအရာများကို သက်သေခံသောအရှင်က“မှန်ပေ၏။ ငါသည်အလျင်အမြန်လာမည်”ဟု မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု၊ ကြွလာတော်မူပါ။
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။
“အာမင်။ ကောင်းချီးမင်္ဂလာ၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်သရေ၊ တန်ခိုးနှင့် အစွမ်းသတ္တိတို့သည် ငါတို့ဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော။ အာမင်”ဟု မြွက်ဆိုကြ၏။