အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကိုဆုံးမတော်မမူပါနှင့်။ ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကိုပဲ့ပြင်တော်မမူပါနှင့်။
ဆာလံ 38:1 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကို ဆုံးမတော်မမူပါနှင့်။ ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကို ပဲ့ပြင်တော်မမူပါနှင့်။ Common Language Bible အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ မျက် တော် ထား၍၊ အ ကျွန်ုပ် ကို ပဲ့ ပြင် တော် မ မူ ပါ နှင့်။ ဒေါ သ ထွက်၍ ဆုံး မ တော် မ မူ ပါ နှင့်။ Judson Bible အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာသောစိတ်တော်ရှိ၍ ဆုံးမတော်မမူပါနှင့်။ |
အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကိုဆုံးမတော်မမူပါနှင့်။ ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကိုပဲ့ပြင်တော်မမူပါနှင့်။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
ကိုယ်တော်၏အမျက်ဒေါသသည် အကျွန်ုပ်အပေါ်၌ လေးလံလျက်ရှိပါ၏။ ကိုယ်တော်၏လှိုင်းလုံးရှိသမျှတို့သည်လည်း အကျွန်ုပ်ကို ဖုံးလွှမ်းလျက်ရှိပါ၏။(စေလာ)
ကိုယ်တော်သည် ပြည်နှင်ဒဏ်ပေးခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ဒဏ်ခတ်တော်မူ၏။ အရှေ့လေလာသောနေ့ရက်၌ ပြင်းထန်သောလေဖြင့် သူ့ကိုတိုက်ထုတ်တော်မူ၏။
ငါ ပြင်းစွာအမျက်ထွက်၍ ငါ့မျက်နှာကို သင့်ထံမှ ခေတ္တလွှဲသော်လည်း ထာဝရမေတ္တာကရုဏာဖြင့် သင့်ကိုငါသနားစုံမက်ဦးမည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုပဲ့ပြင်တော်မူသောအခါ အမျက်တော်ဖြင့်မဟုတ်ဘဲ တရားမျှတမှုဖြင့် ပဲ့ပြင်တော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်အကျိုးနည်းရပါလိမ့်မည်။
ထာဝရဘုရားက “ငါသည် သင်နှင့်အတူရှိမည်။ သင့်ကိုကယ်တင်မည်။ သင့်ကို ငါကွဲလွင့်စေရာအရပ်ရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော့်အကြောင်းကိုကြားရ၍ အကျွန်ုပ်ကြောက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုများကို အကျွန်ုပ်တို့ခေတ်ကာလတွင် ထပ်မံပြုတော်မူပါ။ အကျွန်ုပ်တို့ခေတ်ကာလတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်သော်လည်း ကရုဏာတော်ကို ပြန်လည်အောက်မေ့တော်မူပါ။
ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးချင်လောက်အောင် သင်တို့ကို အမျက်ထွက်တော်မူသောကြောင့် ထိုပြင်းစွာသောအမျက်တော်ကို ငါကြောက်ရွံ့၏။ ထိုအချိန်၌လည်း ထာဝရဘုရားသည် ငါ၏စကားကိုနားညောင်းတော်မူ၏။