Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 9:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​ချင်​လောက်အောင် သင်​တို့​ကို အမျက်ထွက်​တော်မူ​သောကြောင့် ထို​ပြင်းစွာ​သော​အမျက်​တော်​ကို ငါ​ကြောက်ရွံ့​၏​။ ထို​အချိန်​၌​လည်း ထာဝရဘုရား​သည် ငါ​၏​စကား​ကို​နားညောင်း​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​မည့်​အ​မျက်​တော်​ကို​ငါ​ကြောက်​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏ တောင်း​ပန်​လျှောက်​ထား​ခြင်း​ကို​တစ်​ဖန် နား​ညောင်း​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ဖျက်​ဆီး​ခြင်း​ငှာ အ​လွန်​ပြင်း​စွာ​ထွက်​သော အ​မျက်​တော်​အ​ရှိန်​ကို ငါ​ကြောက်၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​စ​ကား​ကို​တစ်​ဖန် နား​ထောင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 9:19
19 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ဟောရပ်​တောင်​နား​တွင် နွားသငယ်ရုပ်​ကို သွန်းလုပ်​၍ ထို​သွန်းလုပ်​သော​ရုပ်တု​ကို ရှိခိုးကိုးကွယ်​ကြ​၏​။


ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဖျက်ဆီး​မည်​ဟု မိန့်​တော်မူ​၏​။ သို့ရာတွင် ကိုယ်တော်​ရွေးကောက်​တော်မူ​သော မောရှေ​သည် ရှေ့​တော်​မှ ကျိုးပေါက်​မည့်​နေရာ​တွင်​ရပ်​လျက် သူ​တို့​ကို​ဖျက်ဆီး​မည့် ကိုယ်တော်​၏​အမျက်ဒေါသ​ကို တားဆီး​ခဲ့​၏​။


ဘုရားသခင်​သည် ကြားသိ​၍ အမျက်ထွက်​ကာ အစ္စရေး​အမျိုးသား​တို့​ကို လုံးလုံး​စွန့်ပယ်​တော်မူ​၏​။


ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​များ​ထဲတွင် မောရှေ​နှင့်​အာရုန်​တို့​ပါ​၍ ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​တို့​တွင် ရှမွေလ ပါ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို​ခေါ်​၍ ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​၏​။


ထိုအခါ ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟု မိန့်​တော်မူ​ခဲ့​ရာ​မှ စိတ်ပြောင်းလဲ​တော်မူ​၏​။


ထာဝရဘုရား​က မောရှေ​အား “​သင်​လျှောက်​သော ဤ​စကား​အတိုင်း ငါ​ပြု​မည်​။ အကြောင်းမူကား သင်​သည် ငါ့​ရှေ့​၌​မျက်နှာရ​၍ ငါ​သည် သင့်​ကို​အမည်​နှင့်တကွ​သိ​၏​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က​လည်း “​ငါ​ပဋိညာဉ်​ပြု​မည်​။ ကမ္ဘာမြေ​တစ်ခွင်လုံး​၌​လည်းကောင်း​၊ လူမျိုး​ရှိသမျှ​တို့​၌​လည်းကောင်း မ​ပြု​ခဲ့​ဖူး​သော​အံ့ဖွယ်အမှု​တို့​ကို သင်​၏​လူ​အပေါင်း​တို့​ရှေ့​၌ ငါ​ပြု​မည်​။ သင်​နှင့်အတူ​ရှိ​သော​လူ​အပေါင်း​တို့​သည် ငါ​ထာဝရဘုရား​၏​အမှု​ကို တွေ့မြင်​ကြ​လိမ့်မည်​။ ထို​အမှု​သည် သင်​နှင့်အတူ​ငါ​ပြု​မည့် ကြောက်မက်ဖွယ်​အမှု​ဖြစ်​၏​။


လူ​တို့​သည် မောရှေ​အား အော်ဟစ်​ကြ​၏​။ မောရှေ​သည်​လည်း ထာဝရဘုရား​ထံ ဆုတောင်း​သဖြင့် မီးငြိမ်း​လေ​၏​။


ငါ​သည် ယခင်​ကဲ့သို့ အရက်​လေးဆယ်​ပတ်လုံး တောင်​ပေါ်၌ နေ​ခဲ့​၏​။ ထို​အချိန်​၌​လည်း ထာဝရဘုရား​သည် ငါ့​စကား​ကို နားညောင်း​တော်မူ​၍ သင်​တို့​ကို မ​ဖျက်ဆီး​လို​တော့​ပေ​။


သို့မဟုတ်လျှင် ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်ထွက်​၍ မိုးကောင်းကင်​ကို​ပိတ်​တော်မူ​သဖြင့် မိုး​မ​ရွာ​၊ မြေ​သည် အသီးအနှံ​ကို​မ​ပေး​သောကြောင့် သင်​တို့​သည် ထာဝရဘုရား​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​၌ အလျင်အမြန် ပျက်စီး​ကြ​လိမ့်မည်​။


ထာဝရဘုရား​သည် အာရုန်​ကို​လည်း ဖျက်ဆီး​ချင်​လောက်အောင် သူ့​ကို​အလွန်​အမျက်ထွက်​တော်မူ​သဖြင့် ထို​အချိန်​၌ အာရုန်​အတွက် ငါ​ဆုတောင်း​ရ​၏​။


ဟောရပ်​တောင်​၌​လည်း သင်​တို့​သည် ထာဝရဘုရား​ကို အမျက်ထွက်​စေ​သဖြင့် ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​ချင်​လောက်အောင် အမျက်ထွက်​တော်မူ​ခဲ့​၏​။


ထို​မြင်ကွင်း​သည် အလွန်​ကြောက်မက်​ဖွယ်​ကောင်း​သဖြင့် မောရှေ​က “ငါ​သည် အလွန်​ကြောက်ရွံ့​လျက် တုန်လှုပ်​နေ​၏”​ဟု ဆို​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ