ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
ဆာလံ 35:24 - မြန်မာ့စံမီသမ္မာကျမ်း အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်အညီ အကျွန်ုပ်၌အပြစ်မရှိကြောင်းစီရင်တော်မူပါ။ သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်တရားမျှတတော်မူသောအရှင် ဖြစ်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုးတွင်အပြစ်မရှိကြောင်းထုတ်ဖော် ကြေညာတော်မူပါ။ ကျွန်တော်မျိုး၏ရန်သူများသည် ကျွန်တော်မျိုးကိုအကြောင်းပြု၍နှစ်ထောင်း အားရခွင့်ကိုရစေတော်မမူပါနှင့်။ Garrad Bible အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ဖြောင့် မတ် တော် မူ ခြင်း အ တိုင်း အ ကျွန်ုပ် ကို တ ရား ဆုံး ဖြတ် တော် မူ လျက်၊ ထို သူ တို့ ကို အ ကျွန်ုပ် အ ပေါ် ၌ ရွှင် လန်း ခွင့် မ ရှိ ပါ စေ နှင့်။ Judson Bible အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ၊ အကျွန်ုပ်အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုနိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်။ |
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍ ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီအော်ဟစ်တောင်းခံရာ ကိုယ်တော်သည် အကျွန်ုပ်ကိုကျန်းမာစေတော်မူ၏။
လှည့်ဖြားတတ်သောအကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။ အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည်လည်း မျက်စိမှိတ်ပြရသောအခွင့်မရကြပါစေနှင့်။
အို ဘုရားသခင်၊ အကျွန်ုပ်၌ အပြစ်မရှိကြောင်းစီရင်တော်မူပါ။ ဘုရားတရားမဲ့သောလူမျိုးကိုဆန့်ကျင်လျက် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူပါ။ လိမ်လည်လှည့်ဖြား၍ မတရားမှုပြုသောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။
ထာဝရဘုရားသည် လူမျိုးတကာတို့ကို စစ်ကြောစီရင်တော်မူ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်၏ဖြောင့်မတ်ခြင်း၊ အကျွန်ုပ်၏တည်ကြည်ခြင်းနှင့်အညီ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။
သခင်ယေရှုသည် မီးလျှံထဲ၌ မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်များနှင့်အတူ မိုးကောင်းကင်မှပေါ်ထွန်းတော်မူသောအခါ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့အား ဆင်းရဲဒုက္ခကိုလည်းကောင်း၊