အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍ ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
ဆာလံ 25:21 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ကိုယ်တော်ကို စောင့်မျှော်နေသည်ဖြစ်၍ တည်ကြည်ခြင်းနှင့်ဖြောင့်မှန်ခြင်းသည် အကျွန်ုပ်ကိုကာကွယ်စောင့်ရှောက်ပါစေသော။ Common Language Bible ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားသည်ဖြစ်၍ ကျွန်တော်မျိုး၏သစ္စာသမာဋ္ဌိရှိမှုသည် ကျွန်တော်မျိုးအားစောင့်ထိန်းပါစေသော။ Garrad Bible စုံ လင် ခြင်း နှင့်၊ ဖြောင့် မတ် ခြင်း သည်၊ ကိုယ် တော့် အား စောင့် မျှော် သူ အ ကျွန်ုပ် ကို ထိန်း သိမ်း ပါ စေ။ Judson Bible ကိုယ်တော်ကိုမျှော်လင့်လျက်နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပါစေသော။ |
အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍ ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
အကျွန်ုပ်မူကား တည်ကြည်စွာလျှောက်လှမ်းပါ၏။ အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်၍ အကျွန်ုပ်ကိုသနားတော်မူပါ။
ကိုယ်တော်သည် အကျွန်ုပ်၏တည်ကြည်မှုကြောင့် အကျွန်ုပ်ကိုထောက်မတော်မူ၍ ကိုယ်တော်၏ရှေ့တော်၌ အကျွန်ုပ်ကိုအစဉ်အမြဲတည်စေတော်မူ၏။
ထာဝရဘုရားသည် လူမျိုးတကာတို့ကို စစ်ကြောစီရင်တော်မူ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်၏ဖြောင့်မတ်ခြင်း၊ အကျွန်ုပ်၏တည်ကြည်ခြင်းနှင့်အညီ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။
ဖြောင့်မှန်သောသူတို့၏သမာဓိသည် သူတို့ကိုဦးဆောင်လမ်းပြတတ်၏။ သစ္စာမဲ့သောသူတို့၏ကောက်ကျစ်စဉ်းလဲခြင်းမူကား သူတို့ကိုဖျက်ဆီးတတ်၏။
ဖြောင့်မတ်သောသူသည် တည်ကြည်စွာလျှောက်လှမ်းတတ်၏။ နောင်လာမည့် သူ၏သားမြေးတို့သည် မင်္ဂလာရှိကြ၏။
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် အပြစ်တင်စရာကင်းသော အသိစိတ်အမြဲထားရှိရန် ကြိုးစားအားထုတ်ပါသည်။
လူတို့ ဖြောင့်မတ်သည့်အတိုင်း၊ သစ္စာရှိသည့်အတိုင်း ထာဝရဘုရား ပြန်ပေးဆပ်တော်မူပါ၏။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးကို အကျွန်ုပ်လက်သို့အပ်တော်မူသော်လည်း ထာဝရဘုရား ဘိသိက်ပေးခြင်းကိုခံရသောသူအား အကျွန်ုပ် ကိုယ်ထိလက်ရောက်မပြုပါ။