အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 18:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ ငါ့​ကို ကျေးဇူးပြု​တော်မူ​၏​။ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို ချီးမြှောက်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​သည်​မှန်​ရာ​ကို​ပြု​သ​ဖြင့်​ကိုယ်​တော်​သည် ငါ့​အား​ကောင်း​ကျိုး​ကို​ချ​ပေး​တော်​မူ​၏။ ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​၍​ကောင်း​ချီး ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ့ ဖြောင့် မတ် ခြင်း အ လျောက်၊ ထာ ဝ ရ ဘု ရား သည် အ ကျိုး ကို သ နား တော် မူ၏။ ငါ့ လက် များ စင် ကြယ် သည့် အ လျောက်၊ ဆပ် ပေး တော် မူ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​ဖြောင့်​မတ်​ခြင်း​ရှိ​သည်​အ​လျောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျိုး​ကို​ပေး၍၊ ငါ့​လက်​စင်​ကြယ်​ခြင်း၏​အ​ကျိုး​ကို စီ​ရင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 18:20
19 ပူးပေါင်းရင်းမြစ်များ  

အပြစ်​မ​ကင်း​သော​သူ​ကို​ပင်လျှင် လွတ်မြောက်​ခွင့်​ပေး​တော်မူ​လိမ့်မည်​။ စင်ကြယ်​သော​သင့်​လက်​ကြောင့် သူ့​ကို လွတ်မြောက်​စေ​တော်မူ​မည်​”​ဟု ဆို​လေ​၏​။


သင့်​ကို​လည်း ဆင်းရဲတွင်း​ထဲမှ အတိုင်းမသိ​ကျယ်ဝန်း​ရာ​သို့ ဆောင်ယူ​တော်မူ​၏​။ သင့်​အဖို့ စားပွဲ​ပေါ်တွင် အဆီအနှစ်​နှင့်​ပြည့်​သော​အစာ​ကို တည်ခင်း​ပေး​ထား​တော်မူ​၏​။


ငါ​သည် ပြင်းပြ​သော​ဝေဒနာ​ထဲမှ ထာဝရဘုရား​ကို​ခေါ်​၏​။ ထာဝရဘုရား​သည် ငါ့​ကို​ထူး​တော်မူ​ပြီး ကျယ်ဝန်း​သော​အရပ်​၌ ထား​တော်မူ​၏​။


ထို့ကြောင့် ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ​၊ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို​ချီးမြှောက်​တော်မူ​၏​။


ထို​သူ​ကား အပြစ်ကင်း​သော​လက်​နှင့် ဖြူစင်​သော​စိတ်နှလုံး​ရှိ​သူ​၊ အချည်းနှီး​သော​အရာ​၌ စိတ်ဝိညာဉ်​မှီဝဲဆည်းကပ်​ခြင်း​မ​ရှိ​သူ​၊ လိမ်လည်လှည့်ဖြား​၍​ကျိန်ဆို​ခြင်း​မ​ပြု​သူ​ပင် ဖြစ်​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် အပြစ်ကင်း​ခြင်း​ထဲ၌ အကျွန်ုပ်​၏​လက်​ကို​ဆေးကြော​၍ ကိုယ်တော်​၏​ယဇ်ပလ္လင်​ကို​လှည့်ပတ်​ကာ


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဘေးဥပဒ်​နှင့်​ကြုံတွေ့​နေ​ရ​သည်​ဖြစ်၍ အကျွန်ုပ်​ကို သနား​တော်မူ​ပါ​။ ပူဆွေး​ခြင်း​ကြောင့် အကျွန်ုပ်​၏​မျက်စိ​၊ အကျွန်ုပ်​၏​ဝိညာဉ်​နှင့်​အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​သည် အားလျော့​ကြ​ပါ​ပြီ​။


ထိုအခါ လူ​တို့​က “​ဖြောင့်မတ်​သော​သူ​သည် ဆုလာဘ်​ကို အမှန်ပင်​ခံရ​၏​။ ကမ္ဘာမြေကြီး​ကို တရားစီရင်​တော်မူ​သော ဘုရားသခင်​သည် အမှန်ပင်​ရှိ​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။


အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကယ်၍ အကျွန်ုပ်​သည် ဤ​အမှု​တို့​ကို​ပြု​ခဲ့​သည်​ဆိုလျှင် တစ်နည်း​အားဖြင့် အကျွန်ုပ်​လက်​၌ မတရားမှု​ရှိ​ခဲ့​သည်​ဆို​လျှင်​၊


ထာဝရဘုရား​သည် လူမျိုးတကာ​တို့​ကို စစ်ကြောစီရင်​တော်မူ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဖြောင့်မတ်​ခြင်း​၊ အကျွန်ုပ်​၏​တည်ကြည်​ခြင်း​နှင့်အညီ အကျွန်ုပ်​၌​အပြစ်​မ​ရှိ​ကြောင်း စီရင်​တော်မူ​ပါ​။


ဆိုးယုတ်​သော​သူ​သည် လှည့်ဖြား​သော​အဖိုးအခ​ကို​ရ​တတ်​၏​။ ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​သော​သူ​မူကား မှန်ကန်​သော​အကျိုး​ကို​ရ​တတ်​၏​။


ငါ​က​လည်း “​ငါ​သည် အချည်းနှီး​ကြိုးစား​အားထုတ်​ခဲ့​ပြီ​။ ငါ့​ခွန်အား​ကို​အလဟဿ အချည်းနှီး​ကုန်​စေ​ပြီ​။ အကယ်စင်စစ် ငါ့​အတွက်​တရားမျှတမှု​သည် ထာဝရဘုရား​ထံ၌​ရှိ​၏​။ ငါ့​အတွက်​ဆုလာဘ်​သည် ငါ​၏​ဘုရားသခင်​ထံ၌​သာ​ရှိ​၏​”​ဟု ဆို​၏​။


ထာဝရဘုရား​သည် မြေကြီး​စွန်း​တိုင်အောင် ကြားသိ​စေ​တော်မူ​ပြီ​။ ဇိအုန်​သမီးပျို​အား “​ကြည့်ရှု​လော့​။ သင့်​ကို​ကယ်တင်​သော​အရှင် လာ​နေ​ပြီ​။ ဆုလာဘ်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။ အဖိုးအခ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​”​ဟု ပြောကြား​လော့​။


ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။


စိုက်ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ပြီး အသီးသီး​တို့​သည် မိမိ​ကြိုးပမ်း​အားထုတ်​သည့်​အတိုင်း ဆုလာဘ်​ကို​ရရှိ​ကြ​လိမ့်မည်။


ထိုသို့​သန့်ရှင်း​၍ အပြစ်​နှင့်​ညစ်ညူး​ခြင်း​တို့​ကင်းစင်​လျက် အပြစ်သား​တို့​နှင့်​ခွဲခြား​ထား​ခြင်း​ခံရ​ကာ ကောင်းကင်​တို့​ထက် မြင့်မား​စွာ​ချီးမြှောက်​ခြင်း​ခံရ​သော ယဇ်ပုရောဟိတ်​မင်း​သည် ငါ​တို့​အတွက်​သင့်လျော်​ပေ​၏။


ထို့နောက် ဒါဝိဒ်​အား “​သင်​သည် ငါ့​ထက် သာ၍​ဖြောင့်မတ်​ပါ​၏​။ ငါ​သည် သင့်​ကို မကောင်း​ကြံ​ခဲ့​သော်လည်း သင်​မူကား ငါ့​ကို ကောင်းမွန်​စွာ​ဆက်ဆံ​ခဲ့​ပြီ​။