လျှပ်စီးလက်ပြီးမှ အသံတော်မြည်ဟိန်းထွက်လာ၏။ ဘုန်းကြီးသောအသံတော်ဖြင့် မိုးခြိမ်းစေတော်မူ၏။ အသံတော်ကိုကြားရသည်နှင့် လျှပ်စီးကို အတားအဆီးမရှိ လွှတ်လိုက်တော်မူ၏။
ဆာလံ 18:14 - မြန်မာ့စံမီသမ္မာကျမ်း မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူ၏။ လျှပ်စီးလက်စေ၍ သူတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ Common Language Bible ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။ Garrad Bible မြှား တော် များ ကို ပစ်၍၊ ရန် သူ တို့ ကို ကွဲ လွင့် စေ တော် မူ၏။ လျှပ် စစ် အ ထပ် ထပ် ပြက် စေ သ ဖြင့်၊ ရှုံး နိမ့် စေ တော် မူ ၏။ Judson Bible လေးမြားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။ |
လျှပ်စီးလက်ပြီးမှ အသံတော်မြည်ဟိန်းထွက်လာ၏။ ဘုန်းကြီးသောအသံတော်ဖြင့် မိုးခြိမ်းစေတော်မူ၏။ အသံတော်ကိုကြားရသည်နှင့် လျှပ်စီးကို အတားအဆီးမရှိ လွှတ်လိုက်တော်မူ၏။
ဘုရားသခင်သည် အံ့ဖွယ်သောအသံတော်ဖြင့် မိုးခြိမ်းစေတော်မူ၏။ ကြီးမြတ်သောအမှု၊ ငါတို့နားမလည်နိုင်သောအမှုကို ပြုတော်မူ၏။
လျှပ်စီးကြောင်းတို့ကို သင်စေလွှတ်နိုင်သလော။ လျှပ်စီးကြောင်းတို့က သင့်ကို ‘အကျွန်ုပ်တို့ရှိပါသည်’ဟု ပြန်ပြောပြီး ထွက်သွားလိမ့်မည်လော။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
လျှပ်စီးကိုလက်စေလျက် ရန်သူတို့ကို ကွဲလွင့်စေတော်မူပါ။ ကိုယ်တော်၏မြားတို့ကိုပစ်လွှတ်၍ သူတို့ကိုအရေးနိမ့်စေတော်မူပါ။
အကြောင်းမူကား ကိုယ်တော်သည် ကိုယ်တော်၏လေးကြိုးကိုတင်လျက် သူတို့၏မျက်နှာကိုချိန်ထား၍ သူတို့ကိုနောက်လှည့်ပြေးစေတော်မူလိမ့်မည်။
ထာဝရဘုရား၏အသံတော်သည် ရေပေါ်၌ရှိတော်မူ၏။ ဘုန်းကြီးသောဘုရားသည် ထစ်ချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်၌ရှိတော်မူ၏။
တိမ်တိုက်တို့သည် ရေများကိုသွန်းချ၍ မိုးကောင်းကင်တို့သည် ထစ်ချုန်းသံကိုပေးကြပါ၏။ ကိုယ်တော်၏မြားတို့သည်လည်း အရပ်ရပ်သို့ရောက်ကြပါ၏။
ကိုယ်တော်၏ထစ်ချုန်းသံသည် လေပွေ၌ပါ၍ လျှပ်စီးတို့သည် ကမ္ဘာလောကကိုလင်းလက်စေပါ၏။ ကမ္ဘာမြေကြီးသည် တုန်ခါလှုပ်ရမ်းပါ၏။
ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
ထာဝရဘုရားသည် မိမိတပ်တော်ရှေ့တွင် ကျယ်လောင်သောအသံဖြင့် အမိန့်ပေးတော်မူ၏။ အကြောင်းမှာ တပ်တော်သည် အလွန်ကြီးမား၏။ အမိန့်တော်အတိုင်း လုပ်ဆောင်သောသူသည်လည်း ခွန်အားကြီး၏။ ထာဝရဘုရား၏နေ့ရက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့ကြီးဖြစ်၍ မည်သူခံရပ်နိုင်မည်နည်း။
မြားတော်တို့မှ လင်းလက်သောအရောင်နှင့် လှံတော်မှ ဖြာထွက်သောအလင်းရောင်ခြည်တို့ကြောင့် နေ၊ လတို့သည် ကောင်းကင်တွင် တန့်လျက်နေပါ၏။
ဘုရားသခင်သည် နွားရိုင်း၏ခွန်အားကဲ့သို့ သူ့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ သူသည် သူ့အား ရန်ဖက်ပြုသောလူမျိုးတို့ကို ဝါးမျို၍ သူတို့၏အရိုးကို ချိုးလိမ့်မည်။ မြားဖြင့် ချေမှုန်းလိမ့်မည်။
သူတို့အပေါ် ဘေးအန္တရာယ်များကို စုပြုံကျရောက်စေမည်။ ငါ့မြားတို့ကို သူတို့ထံ အကုန်ပစ်လွှတ်မည်။
ငါ့မြားတို့ကို သွေးဖြင့်ယစ်မူးစေမည်။ ငါ့ဓားသည် အသားကိုစားမည်။ အသတ်ခံရသူ၊ အဖမ်းဆီးခံရသူတို့၏သွေးကိုသောက်မည်။ ရန်သူ့ခေါင်းဆောင်တို့၏ဦးခေါင်းကိုလည်း စားမည်”ဟူ၍ ငါကျိန်ဆိုသည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ထိုသူတို့ကို အစ္စရေးစစ်သည်တို့ရှေ့၌ ကစဥ့်ကလျားဖြစ်စေတော်မူ၏။ အစ္စရေးစစ်သည်တို့သည် ဂိဗောင်မြို့၌ ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး ဗေသောရုန်မြို့သို့တက်သွားသောလမ်းအတိုင်း အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လိုက်လံတိုက်ခိုက်ကြ၏။
ထာဝရဘုရားကို ဆန့်ကျင်ဖက်ပြိုင်သောသူတို့သည် ကျိုးပဲ့ကြေမွရလိမ့်မည်။ ကိုယ်တော်သည် သူတို့အပေါ် ကောင်းကင်မှမိုးကြိုး ကျစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် စစ်ကြောစီရင်တော်မူမည်။ မိမိရှင်ဘုရင်အား အစွမ်းသတ္တိကိုပေးတော်မူမည်။ မိမိဘိသိက်ပေးထားသောသူ၏ဦးချိုကို ချီးမြှောက်တော်မူလိမ့်မည်”ဟု ချီးမွမ်းဆုတောင်းလေ၏။