ဆာလံ 29:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရား၏အသံတော်သည် ရေပေါ်၌ရှိတော်မူ၏။ ဘုန်းကြီးသောဘုရားသည် ထစ်ချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်၌ရှိတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ထာဝရဘုရား၏အသံတော်သည် ပင်လယ်များပေါ်တွင်ထွက်ပေါ်လာ၏။ ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရားသည်မိုးချုန်းတော်မူ၏။ အသံတော်သည်သမုဒ္ဒရာပေါ်တွင်ပဲ့တင်ထပ် လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 မိုး သား ပေါ် မှာ ထာ ဝ ရ ဘု ရား၏ အ သံ တော် ရှိ လျက်၊ ဘုန်း ကြီး တော် မူ သော ဘု ရား သ ခင် သည်၊ မိုး ချုန်း သံ ပြု တော် မူ၏။ မိုး သား များ ပေါ် တွင် ထာ ဝ ရ ဘု ရား စံ တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ထာဝရဘုရား၏အသံတော်သည် သမုဒ္ဒရာပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုးချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုသို့ ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်နေစဉ် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် စစ်ချီလာကြ၏။ ထိုအချိန်တွင် ထာဝရဘုရားသည် ကျယ်လောင်စွာမိုးချုန်းစေ၍ ဖိလိတ္တိလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ ဤသို့ဖြင့် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။