ထာဝရဘုရားသည် အသိဉာဏ်နည်းပါးသောသူတို့ကို စောင့်ရှောက်တော်မူ၏။ ငါသည် အခြေအနေနိမ့်ပါးလျက်ရှိသောအခါ ကိုယ်တော်သည် ငါ့ကိုကယ်တင်တော်မူ၏။
ဆာလံ 16:1 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ Common Language Bible အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက် တော်မူပါ။ Garrad Bible အို ဘု ရား သ ခင်၊ ကိုယ် တော်၌ အ ကျွန်ုပ် ခို လှုံ သည် ဖြစ်၍၊ ထိန်း သိမ်း တော် မူ ပါ။ Judson Bible အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ |
ထာဝရဘုရားသည် အသိဉာဏ်နည်းပါးသောသူတို့ကို စောင့်ရှောက်တော်မူ၏။ ငါသည် အခြေအနေနိမ့်ပါးလျက်ရှိသောအခါ ကိုယ်တော်သည် ငါ့ကိုကယ်တင်တော်မူ၏။
ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
ယာကုပ်၏ဘုရားသခင်ကို မိမိ၏ကူညီမစသောအရှင်ဖြစ်စေသောသူ၊ မိမိ၏ဘုရားသခင်ထာဝရဘုရားကို မျှော်လင့်သောသူသည် မင်္ဂလာရှိ၏။
အကျွန်ုပ်၏ခြေလှမ်းများသည် ကိုယ်တော်၏လမ်းတော်၌ရှိပါ၏။ အကျွန်ုပ်သည် ခြေချော်ခြင်းမရှိပါ။
အကျွန်ုပ်ကိုနိုင်ထက်စီးနင်းပြုသည့် ဆိုးယုတ်သောသူတို့၏ရှေ့မှလည်းကောင်း၊ အကျွန်ုပ်ကိုဝိုင်းရံထားလျက် အကျွန်ုပ်ကိုသတ်လိုသောရန်သူတို့ရှေ့မှလည်းကောင်း အကျွန်ုပ်ကို ကိုယ်တော်၏မျက်စိသူငယ်အိမ်ကဲ့သို့ စောင့်ရှောက်တော်မူပါ။ ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ အကျွန်ုပ်ကိုဖုံးကွယ်ထားတော်မူပါ။
“သူသည် ထာဝရဘုရားကိုယုံကြည်ကိုးစားခဲ့၏။ ကိုယ်တော်သည် သူ့ကိုကယ်တင်ပါစေ။ ကိုယ်တော်သည် သူ့ကိုနှစ်သက်တော်မူသည်ဖြစ်၍ သူ့ကိုကယ်နုတ်ပါစေ”ဟု ဆိုကြပါ၏။
အကျွန်ုပ်၏အသက်ကိုစောင့်ရှောက်၍ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခိုလှုံသည်ဖြစ်၍ အရှက်မကွဲရပါစေနှင့်။
ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာစောင့်သောသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ မာန်မာနဖြင့်ပြုမူသောသူတို့ကိုမူကား မလျှော့မပေါ့အပြစ်ပေးတော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်တော်မူ၏။ မိမိ၏သန့်ရှင်းသူတို့ကိုလည်း စွန့်ပစ်တော်မမူ။ သူတို့သည် အစဉ်အမြဲစောင့်ရှောက်တော်မူခြင်းကို ခံရကြလိမ့်မည်။ ဆိုးယုတ်သောသူ၏သားမြေးတို့မူကား ဖယ်ရှားခြင်းခံကြရလိမ့်မည်။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုသနားတော်မူပါ။ အကြောင်းမူကား လူတို့သည် အကျွန်ုပ်ကိုနင်းချေ၍ တစ်နေ့လုံးတိုက်ခိုက်ညှဉ်းဆဲကြပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်ခဲ့ပါ၏။ အကျွန်ုပ်တို့ကိုဖြိုဖျက်ခဲ့ပါ၏။ ကိုယ်တော်သည် အမျက်တော်ထွက်ခဲ့ပါ၏။ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။
အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကိုကယ်တင်၍ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။
သို့မဟုတ်လျှင် ကယ်နုတ်သူမရှိစဉ် သူတို့သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆုတ်ဖြဲ၍ အပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်ကို ယုံကြည်ကိုးစားသောသူသည် မင်္ဂလာရှိပါ၏။
ကိုယ်တော်၏နာမတော်ကိုသိသောသူတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားကြပါလိမ့်မည်။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်ကိုရှာသောသူတို့အား စွန့်ပစ်တော်မမူပါ။
ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းမှုကို မုန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏စိတ်ဝိညာဉ်ကို စောင့်ရှောက်၍ သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်တော်မူ၏။
တရားမျှတခြင်းလမ်းစဉ်တို့ကိုလည်း ကာကွယ်၍ မိမိသန့်ရှင်းသူတို့၏လမ်းကို စောင့်ရှောက်တော်မူ၏။
သေဒဏ်စီရင်ခံရပြီဟု မိမိတို့စိတ်ထဲ၌ခံစားမိကြ၏။ ဤသည်ကား ငါတို့သည် မိမိကိုယ်ကိုမကိုးစားဘဲ သေသောသူတို့ကိုထမြောက်စေတော်မူသော ဘုရားသခင်ကိုကိုးစားကြရန်ဖြစ်၏။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။