ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
ဆာလံ 140:10 - မြန်မာ့စံမီသမ္မာကျမ်း မီးခဲများသည် သူတို့အပေါ်သို့ကျရောက်ပါစေသော။ သူတို့သည် မီးထဲသို့လည်းကောင်း၊ တွင်းနက်ထဲသို့လည်းကောင်း ပစ်ချခြင်းခံရပါစေသော။ တစ်ဖန် မထကြပါစေနှင့်။ Common Language Bible မီးကျီးခဲများသည်သူတို့၏ဦးခေါင်းပေါ်သို့ ကျကြပါစေသော။ သူတို့သည်တွင်းထဲသို့ကျပြီးလျှင် အဘယ်အခါ၌မျှပြန်၍မတက်နိုင်ပါစေနှင့်။ Garrad Bible မီး ကျီး မိုး ကျ ရွာ ခြင်း၊ ထ၍ မ ရပ် နိုင် အောင် မီး တွင်း ထဲ သို့ ပစ် ချ ခြင်း ကို ခံ ရ ကြ ပါ စေ သော။ Judson Bible မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ကြပါစေသော။ မီးထဲသို့လည်းကောင်း၊ နက်သောတွင်းထဲသို့လည်းကောင်း ကျကြပါစေသော။ တစ်ဖန်မထကြပါစေနှင့်။ |
ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
ကိုယ်တော်သည် မီးခဲတို့ကို ဆိုးယုတ်သောသူတို့အပေါ် ရွာကျစေတော်မူလိမ့်မည်။ မီး၊ ကန့်နှင့် ပူလောင်သောလေသည် သူတို့ခွက်ဖလားအတွက် ဝေစုဖြစ်လိမ့်မည်။
ကိုယ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ကိုယ်တော်သည် သူတို့ကို တောက်လောင်နေသောမီးပြင်းဖိုကဲ့သို့ ဖြစ်စေတော်မူလိမ့်မည်။ ထာဝရဘုရားသည် အမျက်တော်ဖြင့် သူတို့ကိုဝါးမျိုလိမ့်မည်။ မီးသည် သူတို့ကိုလောင်ကျွမ်းလိမ့်မည်။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
ထိုအခါ လူအပေါင်းတို့သည် ကြောက်ရွံ့၍ ဘုရားသခင်၏လုပ်ဆောင်တော်မူချက်ကို ပြောကြားကာ ကိုယ်တော်ပြုတော်မူသောအမှုကို ဂရုပြုကြလိမ့်မည်။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူခြင်း ရှိသည့်အတိုင်း ငါသည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကို သီဆိုချီးမွမ်းမည်။
ဖြောင့်မှန်သောသူကို မကောင်းသောလမ်းထဲသို့ လမ်းလွဲစေသောသူသည် မိမိ၏တွင်းထဲသို့ မိမိကိုယ်တိုင်ကျလိမ့်မည်။ အပြစ်တင်စရာမရှိသောသူတို့မူကား ကောင်းသောအရာကို အမွေဆက်ခံရကြလိမ့်မည်။
လူ့အသက်သတ်ခြင်းအပြစ်ဝန်ကို ထမ်းသောသူသည် သေတွင်းထဲရောက်သည့်တိုင်အောင် ထွက်ပြေးတိမ်းရှောင်နေရလိမ့်မည်။ မည်သူမျှသူ့ကိုမထောက်မစေနှင့်။
မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းရှိလိမ့်မည်။
မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်။
အသက်စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့သည်လည်း မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။