ထိုအခါ ရှင်ဘုရင်က “သင်ကျန်းမာပါလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်နေရသနည်း။ ဝမ်းနည်းစရာအကြောင်း ရှိနေသည်မဟုတ်လော”ဟု ငါ့အား မေးတော်မူလျှင် ငါသည် အလွန်ကြောက်ရွံ့လျက်
ဆာလံ 13:2 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏စိတ်ဝိညာဉ်သည် မည်မျှကြာအောင် တွေးတောပူပန်လျက် နေရပါမည်နည်း။ အကျွန်ုပ်၏စိတ်နှလုံးတွင် တစ်နေ့လုံးဝမ်းနည်းလျက်နေရပါ၏။ အကျွန်ုပ်၏ရန်သူသည် အကျွန်ုပ်အထက်၌ မည်မျှကြာအောင် မြှောက်စားခြင်းခံရပါမည်နည်း။ Common Language Bible ကျွန်တော်မျိုးသည်အဘယ်ကာလတိုင်အောင် ဒုက္ခခံရပါမည်နည်း။ အဘယ်ကာလတိုင်အောင်နေ့ရောညပါ ဝမ်းနည်းကြေကွဲလျက်နေရပါမည်နည်း။ ကျွန်တော်မျိုး၏ရန်သူများသည် အဘယ်ကာလတိုင်အောင်ကျွန်တော်မျိုးအပေါ်တွင် အနိုင်ရကြပါမည်နည်း။ Garrad Bible ကိုယ့် စိတ် ဖြင့် ကြံ ဖန် လျက်၊ တစ် နေ့ လုံး စိတ် ပူ လျက်၊ မည် မျှ ကြာ နေ ရ ပါ မည် နည်း။ အ ကျွန်ုပ် အပေါ် တွင် ရန် သူ ကြီး မြင့် လျက်၊ မည် မျှ ကြာ နေ ရ ပါ မည် နည်း။ Judson Bible အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက်၊ အဘယ်မျှကာလပတ်လုံး တွေးတောသောစိတ် ရှိရပါမည်နည်း။ အကျွန်ုပ်၏ ရန်သူသည် အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း။ |
ထိုအခါ ရှင်ဘုရင်က “သင်ကျန်းမာပါလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်နေရသနည်း။ ဝမ်းနည်းစရာအကြောင်း ရှိနေသည်မဟုတ်လော”ဟု ငါ့အား မေးတော်မူလျှင် ငါသည် အလွန်ကြောက်ရွံ့လျက်
ဧသတာကလည်း “ကျွန်တော်မျိုးမကို ရန်ပြုသောရန်သူကား ဤလူယုတ်မာဟာမန်ဖြစ်ပါသည်”ဟု ဆိုလျှင် ဟာမန်သည် ရှင်ဘုရင်နှင့် မိဖုရားရှေ့တွင် ကြောက်လန့်တုန်လှုပ်လေ၏။
အကျွန်ုပ်ဆိုးယုတ်လျှင် အကျွန်ုပ်၌ အမင်္ဂလာရှိ၏။ အကျွန်ုပ်ဖြောင့်မတ်လျှင်ပင် ခေါင်းမမော့ဝံ့ဘဲ အရှက်ကွဲလျက်နေရပါ၏။ အကျွန်ုပ်ခံရသောဆင်းရဲဒုက္ခကို ကြည့်ရှုလှည့်ပါ။
မြေကြီးမှဖြစ်လာသောသူသည် နောက်တစ်ဖန် မခြောက်လှန့်နိုင်မည့်အကြောင်း ကိုယ်တော်သည် အာရုံစိုက်နားထောင်လျက် မိဘမဲ့သူနှင့်ဖိနှိပ်ခြင်းခံရသောသူတို့အတွက် တရားစီရင်ပေးတော်မူ၏။
သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍ မရဏာနိုင်ငံ၏ပြင်းပြသောဝေဒနာတို့သည် ငါ့အပေါ်ကျရောက်ကြ၏။ ငါသည် ဆင်းရဲဒုက္ခနှင့်ဝမ်းနည်းခြင်းကိုတွေ့ကြုံရ၏။
ဖြောင့်မတ်သောသူတစ်ဖက်၌ မာန်မာနဖြင့်လည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းဖြင့်လည်းကောင်း မောက်မာစွာပြောဆိုတတ်သည့် မုသားနှုတ်ခမ်းသည် တိတ်ဆိတ်စွာနေရပါစေသော။
အကြောင်းမူကား အကျွန်ုပ်သည် လဲလုမတတ်ဖြစ်ပါ၏။ အကျွန်ုပ်၏ဒုက္ခဝေဒနာသည်လည်း အကျွန်ုပ်ရှေ့၌အစဉ်ရှိနေပါ၏။
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။
အို ထာဝရဘုရား၊ တစ်ဖန်ကြွလာ၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကယ်မတော်မူပါ။ ကိုယ်တော်၏မေတ္တာကရုဏာတော်ကိုထောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
သို့မဟုတ်လျှင် ကယ်နုတ်သူမရှိစဉ် သူတို့သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆုတ်ဖြဲ၍ အပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။
အို ဘုရားသခင်၊ ရန်ဖက်ပြုသောသူသည် မည်မျှကြာအောင် ကဲ့ရဲ့ပြစ်တင်လျက်နေလိမ့်မည်နည်း။ ရန်သူသည် ကိုယ်တော်၏နာမတော်ကို အစဉ်မထီလေးစားပြုမည်လော။
အို ထာဝရဘုရား၊ ရန်သူသည် ကိုယ်တော့်ကိုကဲ့ရဲ့ပြစ်တင်သည်ကိုလည်းကောင်း၊ မိုက်မဲသောသူသည် ကိုယ်တော်၏နာမတော်ကို မထီလေးစားပြုသည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
ကိုယ်တော်ကိုရန်ဖက်ပြုသူများကြောင့် ကလေးသူငယ်များနှင့်နို့စို့ကလေးငယ်များ၏နှုတ်တွင် အစွမ်းသတ္တိကိုတည်စေတော်မူ၏။ ဤသည်ကား ရန်သူနှင့် လက်တုံ့ပြန်သူတို့ကို တိတ်ဆိတ်စေရန်ဖြစ်၏။
ရန်သူတို့သည် ထာဝရပျက်စီးခြင်းထဲ၌ ပျက်စီးကုန်ဆုံးကြပါပြီ။ မြို့တို့ကိုဖြိုဖျက်တော်မူသဖြင့် ၎င်းတို့နှင့်ပတ်သက်သည့်အောက်မေ့စရာသည် ပျောက်ကွယ်သွားပါပြီ။
ဝမ်းမြောက်သောစိတ်နှလုံးသည် မျက်နှာကိုရွှင်လန်းစေတတ်၏။ သို့သော် ဝမ်းနည်းပူဆွေးသောစိတ်နှလုံးကြောင့် စိတ်ထိခိုက်နာကျင်ရတတ်၏။
သူသည် မိမိ၏နေ့ရက်အားလုံးတို့၌ များစွာစိတ်ပျက်ခြင်း၊ ဝေဒနာခံစားရခြင်းနှင့် အမျက်ထွက်ခြင်းဖြင့် အမှောင်ထဲတွင်စားသောက်ရမည်။
အကျွန်ုပ်၏ဝေဒနာသည် အဘယ်ကြောင့် အတောမသတ်နိုင်ပါသနည်း။ အကျွန်ုပ်၏ဒဏ်ရာသည် အဘယ်ကြောင့် ကုသ၍ မပျောက်ကင်းနိုင်ပါသနည်း။ ကိုယ်တော်သည် အကျွန်ုပ်အားထား၍မရသော၊ အကျွန်ုပ်ကိုလှည့်စားသောစမ်းရေကဲ့သို့ ဖြစ်တော်မူ၍လော။
‘သင်က ငါ၌ အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါ့ဒုက္ခဝေဒနာအပေါ် ဝမ်းနည်းခြင်းကို ထပ်ဆင့်တင်တော်မူသဖြင့် ငါသည် ညည်းတွားရ၍ ပင်ပန်းလှပြီ၊ သက်သာရာမရဟူ၍ ဆိုလေပြီ’ဟု မိန့်တော်မူ၏။
ငါသည် ဖြေမဆည်နိုင်လောက်အောင် ဝမ်းနည်း၏။ ငါ့စိတ်နှလုံးသည် ညှိုးနွမ်းလျက်ရှိ၏။
သူ၏ရန်သူတို့သည် သူ့သခင်ဖြစ်လျက် ကောင်းစားကြလေပြီ။ သူကျူးလွန်သောအပြစ်များစွာကြောင့် ထာဝရဘုရားသည် သူ့ကို ဝမ်းနည်းကြေကွဲစေတော်မူပြီ။ သူ၏သားသမီးတို့ကို သုံ့ပန်းအဖြစ် ရန်သူတို့ခေါ်သွားလေပြီ။
သူ၏အညစ်အကြေးသည် သူ့အဝတ်၌စွန်းနေပြီ။ သူ၏နိဂုံးကို သူမဆင်ခြင်မိခဲ့။ သူသည် အံ့ဩဖွယ်ပြိုလဲသွားလေပြီ။ သူ့ကို နှစ်သိမ့်ပေးမည့်သူလည်းမရှိ။ အို ထာဝရဘုရား၊ ရန်သူတို့သည် အကျွန်ုပ်ကို အောင်နိုင်ကြပြီ။ အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူပါ။
အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်မေ့လျော့တော်မူပါသနည်း။ အဘယ်ကြောင့် အချိန်ကြာမြင့်စွာ စွန့်ပစ်တော်မူပါသနည်း။
“ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ ငါနှင့်အတူ သတိနှင့်စောင့်နေကြလော့”ဟု မိန့်တော်မူ၏။
ငါသည် နေ့တိုင်း သင်တို့နှင့်အတူဗိမာန်တော်၌ရှိစဉ် သင်တို့သည်ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသည်ကား သင်တို့၏အချိန်ဖြစ်ပြီး မှောင်မိုက်ခြင်း၏အခွင့်အာဏာဖြစ်၏”ဟု မိန့်တော်မူ၏။
ထို့ပြင် ဤအကြောင်းအရာများကို သင်တို့အား ငါပြောသောကြောင့် သင်တို့စိတ်နှလုံးသည် ဝမ်းနည်းခြင်းနှင့် ပြည့်လျက်ရှိ၏။
ငါ၌အလွန်ဝမ်းနည်းခြင်းရှိ၍ ငါ၏စိတ်နှလုံးထဲတွင် အမြဲမပြတ်ပူပန်ခြင်းဝေဒနာရှိ၏။
သူသည် အမှန်ပင် သေလုနီးပါးနာမကျန်းဖြစ်ခဲ့၏။ သို့သော် ဘုရားသခင်သည် သူ့ကိုသနားတော်မူလေပြီ။ သူ့ကိုသာမဟုတ်ဘဲ ငါ၌ တစ်ပူပေါ်တစ်ပူဆင့်မဖြစ်ရလေအောင် ငါ့ကိုလည်း သနားတော်မူ၏။
ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ပို၍ပင်ကြောက်ရွံ့ကာ ဒါဝိဒ်ကို ရန်သူအဖြစ် အစဉ်အမြဲမှတ်လေ၏။
လူသည် မိမိရန်သူကိုတွေ့လျှင် သူ့ကို ဘာမျှမပြုဘဲ အလွတ်ပေးမည်လော။ သို့သော် ယနေ့မှာ ငါ့ကို သင်ပြုပေးခဲ့သမျှ ထာဝရဘုရားသည် သင့်ကို ကောင်းသောအရာများ ပြန်ပေးတော်မူပါစေသော။