မဿဲ 26:38 - မြန်မာ့စံမီသမ္မာကျမ်း38 “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ ငါနှင့်အတူ သတိနှင့်စောင့်နေကြလော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible38 ``ငါသည်သေလုအောင်စိတ်ဒုက္ခရောက်လှ၏။ သင်တို့သည်ဤနေရာတွင်ငါနှင့်အတူစောင့် နေကြလော့'' ဟုတပည့်တော်သုံးဦးအား မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible38 စိတ် တော် ညှိုး ငယ် ပူ ဆွေး ခြင်း ဖြစ် သ ဖြင့် ငါ့ စိတ် ဝိ ညာဉ် သေ လောက် အောင် ညှိုး ငယ် သည်။ ဤ တွင် နေ ရစ်၍ ငါ နှင့် အ တူ စောင့် ကြ ဟု မိန့် တော် မူ ပြီး သော် အခန်းကိုကြည့်ပါ။Judson Bible38 ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း38 တပည့်တော်တို့အား “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ်ဝမ်းနည်းလျက်ရှိ၏။ ဤနေရာတွင် နေ၍ ငါနှင့်အတူ သတိနှင့် စောင့်နေကြလော့” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ38 ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- အခန်းကိုကြည့်ပါ။ |
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်