ငါသည် ဆင်းရဲဒုက္ခရောက်သောအခါ ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် ငါ့ကိုထူးတော်မူ၏။
ဆာလံ 129:1 - မြန်မာ့စံမီသမ္မာကျမ်း “ငါငယ်ရွယ်စဉ်ကပင် သူတို့သည် ငါ့ကို များစွာညှဉ်းပန်းနှိပ်စက်ကြ၏”ဟု အစ္စရေးလူမျိုးတို့သည် ဆိုကြပါစေ။ Common Language Bible ဣသရေလ၊သင်ငယ်စဉ်အခါမှစ၍ ရန်သူများသည် သင့်ကိုအဘယ်သို့ရက်စက်စွာညှဉ်းဆဲ နှိပ်စက်ကြကြောင်းကိုငါတို့အားဖော်ပြလော့။ Garrad Bible ဣ သ ရေ လ လူ မျိုး တို့ ဝန် ခံ ကြ ရ မည့် အ ကြောင်း မှာ၊ ငယ် ရွယ် စဉ် က ကြိမ် ဖန် များ စွာ ငါ့ ကို ညှဉ်း ပန်း ကြ ပြီ။ Judson Bible ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတစ်ပါးတို့သည် ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား၊ |
ငါသည် ဆင်းရဲဒုက္ခရောက်သောအခါ ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် ငါ့ကိုထူးတော်မူ၏။
ငါသည် တောင်များဆီသို့ မျှော်ကြည့်၏။ ငါ့ကိုကူညီမစခြင်းအကြောင်းသည် မည်သည့်အရပ်မှလာသနည်း။
“ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်စို့”ဟု ငါ့ကိုပြောကြသောအခါ ငါသည် ဝမ်းမြောက်၏။
ကောင်းကင်ဘုံ၌စိုးစံတော်မူသောအရှင်၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ၏။
“ထာဝရဘုရားသည် ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင်”ဟု အစချီ၍ အစ္စရေးလူမျိုးတို့ဆိုကြရမည်မှာ
ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဇိအုန်သားတို့ကို ပြန်လာစေတော်မူသောအခါ ငါတို့သည် အိပ်မက်မက်နေသူကဲ့သို့ဖြစ်ကြ၏။
ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင် အိမ်ဆောက်သောသူတို့သည် အချည်းနှီးကြိုးပမ်းအားထုတ်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင် စောင့်သောသူသည် အချည်းနှီးစောင့်ကြပ်၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသူ၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းသောသူရှိသမျှတို့သည် မင်္ဂလာရှိကြ၏။
အကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ အဖိနှိပ်ခံရလျက် သေလုနီးပါးဖြစ်ရပါ၏။ ကိုယ်တော်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများနှင့်ကြုံရ၍ စိတ်ပျက်အားငယ်ရပါ၏။
သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။
ဖာရောမင်းကြီးကလည်း မိမိလူအပေါင်းတို့အား “မွေးလာသောယောက်ျားလေးရှိသမျှကို နိုင်းမြစ်ထဲသို့ပစ်ချစေ။ မိန်းကလေးရှိသမျှကိုကား အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။
သင်ငယ်စဉ်ကတည်းက လေ့လာလိုက်စားခဲ့သော ဂါထာမန္တန်နှင့် မှော်အတတ်အမျိုးမျိုးတို့ကို ဆက်၍လိုက်စားလော့။ အကျိုးရှိကောင်းရှိလိမ့်မည်။ ဖျက်ဆီးခြင်းဘေးကို ခြောက်လှန့်နိုင်ကောင်းခြောက်လှန့်နိုင်လိမ့်မည်။
“ဂျေရုဆလင်မြို့ကြားသိအောင်သွား၍ဟစ်အော်လော့။ ထာဝရဘုရားမိန့်တော်မူသည်မှာ ‘သင်ငယ်ရွယ်စဉ်က ငါ့အပေါ်မေတ္တာထားခဲ့သည်ကိုလည်းကောင်း၊ သတို့သမီးအချစ်နှင့် ချစ်ခဲ့သည်ကိုလည်းကောင်း၊ မြေရိုင်းမြေကောတောကန္တာရ၌ ငါ့နောက်လိုက်ခဲ့သည်ကိုလည်းကောင်း ငါအောက်မေ့၏။
သင်ကောင်းစားစဉ်အခါက သင့်အား ငါသတိပေးသော်လည်း သင်က ‘ငါနားမထောင်’ဟု ပြန်ပြော၏။ ငယ်စဉ်ကပင် ငါ့စကားကိုနားမထောင်ဘဲနေသည်မှာ သင်၏အကျင့်ဖြစ်၏။
ယုဒအမျိုးသည် အနှိပ်စက်ခံရပြီ။ ကြမ်းကြမ်းတမ်းတမ်းကျွန်ပြုခံရပြီ။ ဖမ်းခေါ်သွားခြင်းခံရပြီ။ လူမျိုးခြားတို့တွင် နေထိုင်ရပြီ။ နားခိုရာကိုမတွေ့။ သူ့ကိုလိုက်သောသူအပေါင်းတို့သည် လမ်းဆုံး၌ သူ့ကိုမီကြလေပြီ။
သူတို့သည် အီဂျစ်ပြည်တွင် အပျိုဖြန်းဘဝကတည်းက ပြည့်တန်ဆာအလုပ်ကို လုပ်ကြ၏။ သူတို့၏သားမြတ်ကို အပွတ်သပ်ခံပြီး သူတို့၏အပျိုရည်ကို ပျက်စီးစေကြ၏။
“အစ္စရေးငယ်စဉ်က သူ့ကိုငါချစ်၏။ ငါ့သားကို အီဂျစ်ပြည်မှ ငါခေါ်ခဲ့ပြီ။
ထိုအရပ်တွင် သူ့စပျစ်ခြံကို ငါပြန်ပေးမည်။ အာခေါ်ချိုင့်ဝှမ်းလွင်ပြင်ကို မျှော်လင့်ရာတံခါး ဖြစ်စေမည်။ သူသည် ငယ်ရွယ်စဉ်ကကဲ့သို့၊ အီဂျစ်ပြည်မှထွက်လာစဉ်ကကဲ့သို့ ငါ့ကို ပြန်ဆက်ဆံလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား ကျိန်ဆိုမိန့်မြွက်သည့်အတိုင်း သူတို့ စစ်ချီလေရာရာ၌ ထာဝရဘုရား၏လက်တော်သည် သူတို့အပေါ် ကျရောက်သဖြင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရ၍ အလွန်ဒုက္ခရောက်ရကြ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးလက်သို့ ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ခုရှံရိရှသိမ်မင်းကြီးကို ရှစ်နှစ်အစေခံရလေ၏။
ဖိလိတ္တိလူမျိုးတို့က “ဟေဗြဲလူမျိုးတို့ကို ဓား၊ လှံ တစ်စုံတစ်ရာမျှ မလုပ်စေနှင့်”ဟု ဆိုသဖြင့် ထိုစဉ်က အစ္စရေးတစ်ပြည်လုံးတွင် ပန်းပဲသမားတစ်ယောက်မျှ မတွေ့ရချေ။