အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မောက်မာထောင်လွှားသောသူတို့၏အထင်အမြင်သေးခြင်းနှင့် မာနကြီးသောသူတို့၏မထီမဲ့မြင်ပြုခြင်းကိုခံရသည်မှာ လွန်စွာငြီးငွေ့လှပါပြီ။
ကျွန်တော်မျိုးတို့သည်ချမ်းသာကြွယ်ဝ သူတို့၏ ပြောင်လှောင်ခြင်းကိုလည်းကောင်း၊ မာန်မာနကြီးသူတို့၏မထီမဲ့မြင်ပြုခြင်း ကိုလည်းကောင်းခံရကြသည်မှာကြာပါပြီ။
ချမ်း သာ သူ တို့ သ ရော် ၍၊ မာ န ကြီး သူ တို့ မ ထီ လေး စား ပြု ကြ သည် မှာ၊ စိတ် ညီး ငွေ့ လှ စွ တ ကား။
မထီမဲ့မြင်ပြုသော သူတို့၏ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ မာနကြီးသောသူတို့၏ အရှက်ခွဲခြင်းကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဝိညာဉ်သည် အလွန်ခံရပါ၏။
ထိုအကြောင်းကို ဟောရနိလူမျိုးသမ္ဘာလတ်၊ အမ္မုန်လူမျိုး အမှုထမ်းတောဘိနှင့် အာရပ်လူမျိုးဂေရှင်တို့ ကြားသောအခါ သူတို့သည် ငါတို့ကို ပြက်ရယ်ပြုလှောင်ပြောင်ကာ “သင်တို့ မည်သည့်အမှုကိုပြုကြသနည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြပြီလော”ဟု ဆိုကြ၏။
ဘေးဆိုးကိုမကြုံဖူးသူသည် ဘေးဆိုးအား လှောင်ရယ်စရာတစ်ခုအဖြစ်လည်းကောင်း၊ ခြေချော်သူတို့ကြုံတွေ့ရန် အသင့်ရှိသောအရာတစ်ခုအဖြစ်လည်းကောင်း ထင်မှတ်တတ်၏။
ငါသည်လည်း သင်တို့ကဲ့သို့ ပြောတတ်ပါ၏။ သင်တို့နေရာမှာ ငါဖြစ်လျှင် ငါသည် ခေါင်းခါလျက် ရေပက်မဝင်အောင် သင်တို့ကို ပြန်ပြောနိုင်ပါ၏။
မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုလွန်စွာပြက်ရယ်ပြုကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်မှ သွေဖည်မသွားပါ။
မိမိကိုယ်မိမိ အားရကျေနပ်နေသောမိန်းမတို့၊ ကြောက်ရွံ့တုန်လှုပ်ကြလော့။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသူတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။ အဝတ်ချွတ်၍ ကိုယ်ဗလာကျင်း နေကြလော့။ ခါးစည်းကြလော့။
မိမိကိုယ်မိမိ အားရကျေနပ်နေသောမိန်းမတို့၊ ထကြလော့။ ငါ့စကားကိုနားထောင်ကြလော့။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသမီးတို့၊ ငါ့စကားကိုစူးစိုက်နားထောင်ကြလော့။
မောဘပြည်သားသည် ဖမ်းခေါ်သွားခြင်းမခံရ။ ငယ်စဉ်ကပင် အေးချမ်းစွာနေရ၏။ အနည်ထိုင်ကျန်ခဲ့သောစပျစ်ဝိုင်ကဲ့သို့ အိုးတစ်လုံးမှတစ်လုံးသို့ အပြောင်းမခံရ။ ထို့ကြောင့် အရသာမပျက်၊ ရနံ့လည်းမပြယ်”ဟု မိန့်တော်မူ၏။
သင့်အတွက် အစ္စရေးလူမျိုးသည် ပြက်ရယ်ပြုစရာ ဖြစ်သည်မဟုတ်လော။ သူ့အကြောင်းကို ခေါင်းတခါခါနှင့်ပြောလေ့ရှိသည်မှာ သူသည် သူခိုးတို့နှင့်အတူ အဖမ်းခံရဖူးသလော။
မောဘ၏မာနကို ငါတို့ကြားသိရပြီ။ သူသည် အလွန်မောက်မာ၏၊ ဘဝင်မြင့်၍ မာနကြီး၏၊ ဝါကြွား၍ ထောင်လွှား၏။
အစ္စရေးအမျိုးအနွယ်တို့ လာရောက်ခစားရသူ၊ လူမျိုးတကာတို့တွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်သော ဇိအုန်မြို့တွင် ဇိမ်ခံနေသူ၊ ရှမာရိတောင်ပေါ်တွင် စိတ်အေးလက်အေးနေထိုင်သူတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။
အေသင်မြို့သားများမှစ၍ အလည်အပတ်ရောက်ရှိလာသော သူစိမ်းဧည့်သည်အပေါင်းတို့သည် အသစ်အဆန်းဖြစ်သောအရာတစ်စုံတစ်ခုကို ပြောဆိုရန်၊ သို့မဟုတ် ကြားနာရန်အတွက်သာ အချိန်ကိုအသုံးချတတ်ကြ၏။
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့သောသူတို့သည် ကဲ့ရဲ့ကြ၏။ အချို့သောသူတို့ကမူ “ဤအကြောင်းနှင့်ပတ်သက်၍ သင့်ထံမှ နောက်တစ်ဖန် နားထောင်ဦးမည်”ဟု ဆိုကြ၏။
ပေါလုသည် ဤသို့ချေပပြောဆိုနေစဉ် ဖေတ္တုမင်းက “ပေါလု၊ သင်သည်ရူးသွပ်နေပြီ။ သင်၏လွန်ကဲသောကျမ်းဂန်လေ့လာမှုသည် သင့်ကို သူရူးဖြစ်စေပြီ”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
စော်ကားပြောဆိုခြင်းခံရသောအခါ မေတ္တာပြကြ၏။ ယခုတိုင်အောင် ငါတို့သည် လူတကာတို့၏အပယ်ခံများ၊ လောက၏အမှိုက်သရိုက်များကဲ့သို့ ဖြစ်ရကြ၏။
ထိုဖိလိတ္တိပြည်သားသည် ငယ်ရွယ်နုနယ်၍ နီမြန်းသောအသားအရေနှင့် ခန့်ညားသောရုပ်ရည်ရှိသောဒါဝိဒ်ကို မြင်သောအခါ အထင်သေးသောအကြည့်ဖြင့် ကြည့်၏။