ဆာလံ 123:4 - Common Language Bible4 ကျွန်တော်မျိုးတို့သည်ချမ်းသာကြွယ်ဝ သူတို့၏ ပြောင်လှောင်ခြင်းကိုလည်းကောင်း၊ မာန်မာနကြီးသူတို့၏မထီမဲ့မြင်ပြုခြင်း ကိုလည်းကောင်းခံရကြသည်မှာကြာပါပြီ။ အခန်းကိုကြည့်ပါ။Garrad Bible4 ချမ်း သာ သူ တို့ သ ရော် ၍၊ မာ န ကြီး သူ တို့ မ ထီ လေး စား ပြု ကြ သည် မှာ၊ စိတ် ညီး ငွေ့ လှ စွ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible4 မထီမဲ့မြင်ပြုသော သူတို့၏ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ မာနကြီးသောသူတို့၏ အရှက်ခွဲခြင်းကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဝိညာဉ်သည် အလွန်ခံရပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မောက်မာထောင်လွှားသောသူတို့၏အထင်အမြင်သေးခြင်းနှင့် မာနကြီးသောသူတို့၏မထီမဲ့မြင်ပြုခြင်းကိုခံရသည်မှာ လွန်စွာငြီးငွေ့လှပါပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။
ဇိအုန်မြို့၌သက်တောင့်သက်သာစွာဇိမ်ခံ နေကြသူတို့၊ ရှမာရိတောင်ပေါ်တွင်လုံလုံ ခြုံခြုံနှင့်စံမြန်းနေကြသူတို့၊ ပြည်သူ များကအသနားခံနေရသူတို့၊ လူမျိုး များထဲမှအထွတ်အမြတ်ဖြစ်သောဣသ ရေလလူမျိုးတော်တို့၊ သင်တို့သည်အရှက် တကွဲအကျိုးနည်းဖြစ်ရတော့မည်။-