Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 16:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ငါ​သည်​လည်း သင်​တို့​ကဲ့သို့ ပြော​တတ်​ပါ​၏​။ သင်​တို့​နေရာ​မှာ ငါ​ဖြစ်​လျှင် ငါ​သည် ခေါင်းခါ​လျက် ရေပက်မဝင်​အောင် သင်​တို့​ကို ပြန်ပြော​နိုင်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ငါ လည်း သင် တို့ ကဲ့ သို့ ပြော ဆို နိုင်၏။ သင် တို့ စိတ် သည် ငါ့ စိတ် ဖြစ် ခဲ့ မူ၊ သင် တို့ ကို ရည်၍ စ ကား စီ စဉ် လျက် ဦး ခေါင်း လှုပ် ခါ နိုင် လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သင်​တို့​ပြော​သ​ကဲ့​သို့ ငါ​သည်​လည်း​ပြော​နိုင်၏။ သင်​တို့​သည် ငါ​ကဲ့​သို့​ဖြစ်​လျှင်၊ ငါ​သည် သင်​တို့​တစ်​ဘက်​က စ​ကား​များ​ကို ပုံ၍​ထား​နိုင်၏။ ခေါင်း​ကို​လည်း ခါ​နိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 16:4
21 ပူးပေါင်းရင်းမြစ်များ  

ထို​ဘုရင်​ကို​ရည်ညွှန်း​၍ ထာဝရဘုရား​က ‘​ဇိအုန်​သမီးပျို​သည် သင့်​ကို​မထီမဲ့မြင်ပြု​လေ​ပြီ​။ သင့်​ကို​ပြက်ရယ်ပြု​လေ​ပြီ​။ ဂျေရုဆလင်​သမီးပျို​သည် သင့်​နောက်မှ​နေ​၍ ခေါင်းခါယမ်း​လေ​ပြီ​။


“​မြားမြောင်​သော​စကား​တို့​အတွက် ပြန်​မ​ပြော​ဘဲ​နေ​ရ​မည်လော​။ အပြောကောင်း​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​ဆို​ရ​မည်လော​။


ငါ့​နှုတ်​ဖြင့် သင်​တို့​ကို အားပေး​မည်​။ ငါ့​နှုတ်ခမ်း​မှ​နှစ်သိမ့်ပေးမှု​သည် သက်သာ​ရာ​ကို ရ​စေ​မည်​။


ယောဘ​သည် နှုတ်​ကို အချည်းနှီး​ဖွင့်​လေ​ပြီ​။ အသိတရားမဲ့​သော​စကား​များစွာ​ကို ပြော​မိ​လေ​ပြီ​”​ဟု ဆို​လေ​၏​။


မျှော်လင့်ချက်မဲ့​သူ​အဖို့ မိတ်ဆွေ​ထံမှ မေတ္တာ​ကို ခံရ​သင့်​ပေ​၏​။ သို့ဖြစ်လျှင် သူ​သည် အနန္တတန်ခိုးရှင်​အား ကြောက်ရွံ့ရိုသေ​ခြင်း​ကို စွန့်ပယ်​မည်​မ​ဟုတ်​ပေ​။


အကျွန်ုပ်​သည် သူ​တို့​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​ကို​မြင်​သောအခါ မိမိ​တို့​ခေါင်း​ကို​ခါယမ်း​ကြ​ပါ​၏​။


အကျွန်ုပ်​ကို​မြင်​သော​သူ​အားလုံး​သည် အကျွန်ုပ်​ကို​ပြက်ရယ်ပြု​၍ နှုတ်ခမ်း​မဲ့ရွဲ့​ကာ ခေါင်း​ကို​ခါယမ်း​လျက်


“​သူ​သည် ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​ခဲ့​၏​။ ကိုယ်တော်​သည် သူ့​ကို​ကယ်တင်​ပါစေ​။ ကိုယ်တော်​သည် သူ့​ကို​နှစ်သက်​တော်မူ​သည်​ဖြစ်၍ သူ့​ကို​ကယ်နုတ်​ပါစေ​”​ဟု ဆို​ကြ​ပါ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို တိုင်းနိုင်ငံ​တို့​အလယ်​တွင် လူ​အများ​ပြောစရာ​ဖြစ်စေ​ပြီး လူ​တို့​အလယ်​တွင် ဟားစရာ​ဖြစ်စေ​တော်မူ​၏​။


စကား​များစွာ​ပြောဆို​သောအခါ အပြစ်​ပါလာ​တတ်​၏​။ မိမိ​၏​နှုတ်​ကို​ချုပ်တည်း​သော​သူ​မူကား ပညာသတိ​ရှိ​၏​။


မိုက်မဲ​သော​သူ​သည် စကား​များစွာ​ပြောဆို​တတ်​၏​။ သို့သော် လူ​သည် မည်သည့်​အရာ​ဖြစ်လာ​မည်​ကို​မ​သိ​ပေ​။ သူ့​နောက်​တွင် ဖြစ်လာ​မည့်​အရာ​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​မည်နည်း​။


ထို​ဘုရင်​ကို​ရည်ညွှန်း​၍ ထာဝရဘုရား​က ဇိအုန်​သမီး​ပျို​သည် သင့်​ကို​မထီမဲ့မြင်ပြု​လေ​ပြီ​။ သင့်​ကို​ပြက်ရယ်ပြု​လေ​ပြီ​။ ဂျေရုဆလင်​သမီးပျို​သည် သင့်​နောက်မှ​နေ​၍ ခေါင်းခါယမ်း​လေ​ပြီ​။


သူ​တို့​ပြည်​ကို လူသူကင်းမဲ့​ရာ​၊ အစဉ်​ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်​စေ​သဖြင့် ထို​ပြည်​နား ဖြတ်သန်းသွားလာ​သူ​တိုင်း အံ့ဩ​လျက် ခေါင်း​ကို​ခါယမ်း​ကြ​လိမ့်မည်​။


သင့်​အတွက် အစ္စရေး​လူမျိုး​သည် ပြက်ရယ်ပြုစရာ ဖြစ်​သည်​မ​ဟုတ်​လော​။ သူ့​အကြောင်း​ကို ခေါင်းတခါခါ​နှင့်​ပြော​လေ့​ရှိ​သည်​မှာ သူ​သည် သူခိုး​တို့​နှင့်အတူ အဖမ်း​ခံရ​ဖူး​သလော​။


လမ်းသွားလမ်းလာ​အားလုံး သင့်​ကို​လက်ခုပ်တီး​၍ ကဲ့ရဲ့​ကြ​ပြီ​။ ထို​သူ​တို့​သည် ခေါင်း​ကို​ခါယမ်း​လျက် ဂျေရုဆလင်​သမီးပျို​အား “​လှပမှု​အပေါင်း​စုံလင်​ရာ​မြို့​၊ မြေကြီးသား​အားလုံး​ဝမ်းမြောက်​ရာ​မြို့​ကား ဤ​မြို့​ပေလော​”​ဟု ဆို​ကြ​ပြီ​။


ထို​မြို့​သည် အပျော်အပါး​များ​နှင့်​စည်ကား​သော​မြို့ ဖြစ်​၏​။ မြို့သား​တို့​သည် စိတ်အေးလက်အေး​နေ​တတ်​သော​သူ​များ​၊ မိမိကိုယ်ကို “​ငါ​မှတစ်ပါး အခြားသူ​မ​ရှိ​”​ဟု ထင်​တတ်​သော​သူ​များ ဖြစ်​၏​။ ယခုမှာ လူသူကင်းမဲ့​၍ တောရိုင်းတိရစ္ဆာန်​တို့ လဲလျောင်း​နားနေရာ​၊ ဖြတ်သန်းသွားလာ​သော​သူ​အပေါင်း​တို့ လက်ဖျားခါ​၍​ကဲ့ရဲ့​ရာ ဖြစ်​လေ​ပြီ​။


သို့ဖြစ်၍ သင်​တို့​သည် သူတစ်ပါး​အား​သင်​တို့​အပေါ်​ပြု​စေ​လို​သမျှ​အတိုင်း သူတစ်ပါး​အပေါ်​ပြု​ကြ​လော့။ ဤသည်ကား ပညတ်​တရား​ကျမ်း​နှင့်​ပရောဖက်​ကျမ်း​များ​၏​အချုပ်​ဖြစ်​၏။


ဝမ်းမြောက်​သော​သူ​တို့​နှင့်အတူ​ဝမ်းမြောက်​၍ ငိုကြွေး​သော​သူ​တို့​နှင့်အတူ​ငိုကြွေး​ကြ​လော့။


သို့ဖြစ်၍ အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​သည် ဝေဒနာ​ခံစား​ရ​လျှင် အင်္ဂါ​အစိတ်အပိုင်း​ရှိသမျှ​သည် အတူတကွ​ခံစား​ရ​ကြ​၏။ အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​သည် ချီးမြှောက်​ခြင်း​ခံရ​လျှင် အင်္ဂါ​အစိတ်အပိုင်း​ရှိသမျှ​သည် အတူတကွ​ဝမ်းမြောက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ