မိမိ၏လမ်းတော်များကို မောရှေအားလည်းကောင်း၊ မိမိပြုတော်မူသောအမှုတို့ကို အစ္စရေးအမျိုးသားတို့အားလည်းကောင်း သိစေတော်မူ၏။
ဆာလံ 111:6 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူမျိုးခြားတို့၏အမွေကို မိမိ၏လူမျိုးတော်အား ပေးတော်မူခြင်းဖြင့် မိမိပြုသောအမှုတို့၏တန်ခိုးကို သူတို့အားဖော်ပြတော်မူ၏။ Common Language Bible ကိုယ်တော်သည်အခြားလူမျိုးတို့၏နယ်မြေ များကို မိမိ၏လူစုတော်အားပေးတော်မူခြင်း အားဖြင့် တန်ခိုးတော်ကိုပြတော်မူလေပြီ။ Garrad Bible လူ မျိုး တော် အား၊ လူ မျိုး ခြား တို့ ပိုင် ရာ ကို သ နား ၍၊ အ မှု တော် များ ၏ တန် ခိုး ကို ပြ တော် မူ ၏။ Judson Bible အမှုတော်တို့၌ရှိသောတန်ခိုးကို မိမိလူတို့အားပြ၍၊ တစ်ပါးအမျိုးသားတို့၏အမွေကို ပေးတော်မူ၏။ |
မိမိ၏လမ်းတော်များကို မောရှေအားလည်းကောင်း၊ မိမိပြုတော်မူသောအမှုတို့ကို အစ္စရေးအမျိုးသားတို့အားလည်းကောင်း သိစေတော်မူ၏။
ဤသို့ဖြင့် ကိုယ်တော်၏အစွမ်းတန်ခိုးတော်များနှင့် ကိုယ်တော့်နိုင်ငံ၏ဘုန်းအသရေခန့်ညားထည်ဝါမှုကို လူသားတို့အား သိမြင်စေကြပါလိမ့်မည်။
ငါ့ထံမှတောင်းလော့။ တောင်းလျှင် တိုင်းနိုင်ငံတို့ကို သင်၏အမွေအဖြစ် ငါပေး၍ ကမ္ဘာမြေအစွန်းတိုင်အောင် သင်၏ပိုင်ဆိုင်ရာဖြစ်စေမည်။
ကိုယ်တော်သည် လူမျိုးခြားတို့ကို ကိုယ်တော်၏လက်တော်ဖြင့်နှင်ထုတ်ပြီး ဘိုးဘေးတို့ကို အခြေချစေတော်မူ၏။ တိုင်းသူပြည်သားတို့ကိုနှိမ်နင်း၍ ဘိုးဘေးတို့ကိုပြန့်ပွားစေတော်မူ၏။
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်၏အောင်ပွဲကိုစီမံတော်မူပါ။
ကိုယ်တော်သည် စပျစ်ပင်တစ်ပင်ကို အီဂျစ်ပြည်မှဆောင်ယူခဲ့၍ လူမျိုးခြားတို့ကိုနှင်ထုတ်ပြီးလျှင် ၎င်းကို စိုက်ပျိုးတော်မူ၏။
ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။