ဆာလံ 111 - Common Language Bibleထာဝရဘုရားအားထောမနာပြုခြင်း 1 ထာဝရဘုရားအားထောမနာပြုလော့။ ငါသည်ထာဝရဘုရား၏လူစုတော် အစည်းအဝေးတွင်ကိုယ်တော်၏ကျေးဇူး တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။ 2 ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ ထိုအမှုအရာများကိုနှစ်သက်သူအပေါင်း တို့သည် ယင်းတို့ကိုလေ့လာတတ်ကြ၏။ 3 ကိုယ်တော်ပြုသမျှသောအမှုတော်တို့သည် ဂုဏ်အသရေနှင့်ပြည့်စုံပါပေသည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားသည် ထာဝစဉ်တည်ပါ၏။ 4 ပြုတော်မူသောအံ့သြဖွယ်အမှုအရာတို့ကို မမေ့လျော့စေရန်စီရင်တော်မူပြီ။ ကိုယ်တော်သည်သနားကြင်နာတော်မူ၍ ကရုဏာတော်နှင့်ပြည့်ဝတော်မူ၏။ 5 ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူတို့အား ကျွေးမွေးတော်မူ၏။ မိမိပဋိညာဉ်တော်ကိုအဘယ်အခါ၌မျှ မေ့လျော့တော်မမူ။ 6 ကိုယ်တော်သည်အခြားလူမျိုးတို့၏နယ်မြေ များကို မိမိ၏လူစုတော်အားပေးတော်မူခြင်း အားဖြင့် တန်ခိုးတော်ကိုပြတော်မူလေပြီ။ 7 ကိုယ်တော်ပြုလေသမျှသောအမှုတို့သည် သစ္စာနှင့်လည်းကောင်း၊ တရားမျှတမှုနှင့်လည်းကောင်းညီပါ၏။ ကိုယ်တော်၏ပညတ်တော်မှန်သမျှသည် ယုံကြည်အားထားထိုက်ပါပေသည်။ 8 ထိုပညတ်တော်တို့သည်ထာဝစဉ်တည်ပါ၏။ ယင်းတို့ကိုသစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း စီရင်ထားတော်မူပြီ။ 9 ကိုယ်တော်သည်မိမိ၏လူစုတော်အား လွတ်မြောက်စေတော်မူပြီးလျှင် သူတို့နှင့်ထာဝရပဋိညာဉ်ပြုတော် မူ၏။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၍ တန်ခိုးကြီးတော်မူပါသည်တကား။ 10 ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်သော သဘောသည်ပညာ၏အချုပ်အခြာဖြစ်၏။ ပညတ်တော်ကိုစောင့်ထိန်းသူအပေါင်းတို့အား မှန်ကန်စွာဆုံးဖြတ်နိုင်ခွင့်ကိုကိုယ်တော်ပေး တော်မူ၏။ ကိုယ်တော်အားထာဝစဉ်ထောမနာပြုကြ ပါစေသတည်း။ |
© 2005 Bible Society of Myanmar
Bible Society of Myanmar