Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 103:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 မိမိ​၏​လမ်း​တော်​များ​ကို မောရှေ​အား​လည်းကောင်း​၊ မိမိ​ပြု​တော်မူ​သော​အမှု​တို့​ကို အစ္စရေး​အမျိုးသား​တို့​အား​လည်းကောင်း သိ​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ကိုယ်​တော်​သည်​မိ​မိ​၏​အ​ကြံ​အ​စည်​တော် များ​ကို မော​ရှေ​အား​ဖော်​ပြ​တော်​မူ​၍ အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​မြင်​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 နည် လမ်း တော် များ ကို၊ မော ရှေ အား လည်း ကောင်း၊ အ မှု တော် များ ကို၊ ဣ သ ရေ လ အ မျိုး သား တို့ အား လည်း ကောင်း၊ ဖော် ပြ တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ဘာ​သာ​ဓ​လေ့​တော်​တို့​ကို မော​ရှေ၌​လည်း​ကောင်း၊ စီ​ရင်​တော်​မူ​သော အ​မှု​အ​ရာ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌​လည်း​ကောင်း ပြ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 103:7
19 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား ကိုယ်တော်​၏​သန့်ရှင်းမြင့်မြတ်​သော​ဥပုသ်နေ့​ကို သိ​စေ​တော်မူ​၏​။ ကိုယ်တော်​၏​အစေအပါး​မောရှေ​မှတစ်ဆင့် ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ တရားတော်​များ​ကို ပေးအပ်​တော်မူ​၏​။


ကိုယ်တော်​သည် လူမျိုးခြား​တို့​၏​အမွေ​ကို မိမိ​၏​လူမျိုး​တော်​အား ပေး​တော်မူ​ခြင်း​ဖြင့် မိမိ​ပြု​သော​အမှု​တို့​၏​တန်ခိုး​ကို သူ​တို့​အား​ဖော်ပြ​တော်မူ​၏​။


ကိုယ်တော်​သည် မိမိ​၏​နှုတ်ကပတ်တော်​ကို ယာကုပ်​အမျိုး​အား​လည်းကောင်း​၊ မိမိ​၏​ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကို အစ္စရေး​လူမျိုး​အား​လည်းကောင်း ဖွင့်ပြ​တော်မူ​၏​။


ကိုယ်တော်​သည် မောရှေ​နှင့်​အာရုန်​တို့​လက်​ဖြင့် မိမိ​၏​လူမျိုး​တော်​ကို သိုးအုပ်​ကဲ့သို့​ပို့ဆောင်​တော်မူ​၏​။


ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​နှင့် သူ​တို့​အား ပြ​တော်မူ​သည့် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​ကို​လည်း မေ့လျော့​ကြ​၏​။


အကြောင်းမူကား ကိုယ်တော်​သည် သက်သေခံချက်​ကို ယာကုပ်​၌​တည်​စေ​၍ တရားတော်​ကို အစ္စရေး​၌​ထား​တော်မူ​၏​။ ၎င်း​တို့​ကို သားသမီး​များ​အား​သင်ကြား​ပေး​ရန် ငါ​တို့​၏​ဘိုးဘေး​တို့​ကို မိန့်မှာ​တော်မူ​၏​။


ကိုယ်တော်​သည် သူ​တို့​ကို မိုးတိမ်​တိုင်​ထဲမှ မြွက်ဆို​တော်မူ​၏​။ သူ​တို့​သည် ကိုယ်တော်​၏ သက်သေခံချက်​များ​ကို​လည်းကောင်း​၊ သူ​တို့​အား ကိုယ်တော်​ပေး​တော်မူ​သော ပြဋ္ဌာန်းချက်​ကို​လည်းကောင်း စောင့်ထိန်း​ကြ​၏​။


ထာဝရဘုရား​သည် သိနာ​တောင်​ထိပ်​သို့ ကြွဆင်း​တော်မူ​ပြီး မောရှေ​အား တောင်​ထိပ်​သို့​တက်​ရန် ခေါ်​တော်မူ​သဖြင့် မောရှေ​သည် တက်သွား​လေ​၏​။


လူ​အပေါင်း​တို့​က “​ထာဝရဘုရား​မိန့်ဆို​တော်မူ​သမျှ​တို့​ကို အကျွန်ုပ်​တို့​ပြု​ပါ​မည်​”​ဟု တညီတညွတ်တည်း​ပြန်ဖြေ​ကြ​၏​။ မောရှေ​သည်​လည်း လူ​တို့​၏​စကား​များ​ကို ထာဝရဘုရား​ထံ ပြန်လျှောက်​လေ​၏​။


မောရှေ​သည် ဘုရားသခင်​ရှိ​ရာ​အမှောင်ထု​သို့ ချဉ်းကပ်​သောအခါ လူ​တို့​သည် အဝေး​၌​ရပ်​နေ​ကြ​၏​။


ယခု အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါလျှင် အကျွန်ုပ်​အား ကိုယ်တော်​၏​လမ်းခရီး​ကို သိ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် ကိုယ်တော်​ကို​သိ​မည်​ဖြစ်၍ ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါ​လိမ့်မည်​။ ဤ​လူမျိုး​သည် ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​သည်​ကို ဆင်ခြင်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။


ငါ​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သော ငါ​၏​အစေအပါး​မောရှေ​နှင့်​မူကား ထိုသို့​မ​ဟုတ်​ဘဲ


ထို​အချိန်​မှစ၍ အစ္စရေး​လူမျိုး​တွင် မောရှေ​ကဲ့သို့ ထာဝရဘုရား​အား တရင်းတနှီး​သိကျွမ်း​သော ပရောဖက်​တစ်ပါး​မျှ မ​ပေါ်ထွန်း​တော့​ပေ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ