Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 111:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ကိုယ်တော်​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​အား စားစရာ​ကို​ပေး​၍ မိမိ​၏​ပဋိညာဉ်​တော်​ကို အစဉ်အမြဲ​အောက်မေ့​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့​အား ကျွေး​မွေး​တော်​မူ​၏။ မိ​မိ​ပ​ဋိ​ညာဉ်​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ခန့် ညား သူ တို့ ကို ကျွေး မွေး ၍၊ ပ ဋိ ညာဉ် တော် ကို ကာ လ အ စဉ် သ တိ ရ တော် မူ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို အ​စဉ်​အောက်​မေ့​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 111:5
13 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ငါ​က “အို ကောင်းကင်ဘုံရှင်​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​၍ ကြောက်ရွံ့ရိုသေ​ဖွယ် ဖြစ်​ပါ​၏​။ ကိုယ်တော်​ကို ချစ်​၍ ပညတ်တော်​ကို စောင့်ထိန်း​သော​သူ​တို့​နှင့် ဖွဲ့​ခဲ့​သော​ပဋိညာဉ်​တော်​ကို တည်​စေ​သော​ဘုရား​၊ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သော​ဘုရား ဖြစ်​ပါ​၏​။


ကိုယ်တော်​သည် မိမိ​၏​ပဋိညာဉ်​တော်​ကို အစဉ်အမြဲ​အောက်မေ့​တော်မူ​၏​။ ၎င်း​မှာ မျိုးဆက်​ပေါင်း​တစ်ထောင်​တို့​အား မိန့်​တော်မူ​ထား​သော​စကား​တော်​၊


ထိုအခါ သူ​တို့​အတွက် မိမိ​၏​ပဋိညာဉ်​တော်​ကို သတိရ​လျက် မိမိ​၏​ကြီးမား​သော မေတ္တာကရုဏာ​တော်​နှင့်အညီ စိတ်​တော်​ပြောင်းလဲ​၍


ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့် မိမိ​မေတ္တာကရုဏာ​တော်​ကို မျှော်လင့်ကိုးစား​သော​သူ​တို့​၏​စိတ်ဝိညာဉ်​ကို ကြည့်ရှု​တော်မူ​၏​။


ထိုသို့​ကြည့်ရှု​တော်မူ​ခြင်း​မှာ သူ​တို့​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​ကယ်နုတ်​ရန်​နှင့် ငတ်မွတ်ခေါင်းပါး​သည့်​ကာလ​၌ သူ​တို့​ကို​ဆက်၍​အသက်ရှင်​စေရန်​ဖြစ်​၏​။


ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​လျက် ကောင်း​သော​အမှု​ကို​ပြု​လော့​။ ပြည်​တော်​၌​နေထိုင်​၍ သစ္စာတရား​၌​ကျက်စား​လော့​။


ငါ​၏​ပဋိညာဉ်​ကို​လည်း ရှုတ်ချ​မည်​မ​ဟုတ်​။ ငါ​၏​နှုတ်ထွက်​စကား​ကို​လည်း ပြောင်းလဲ​စေ​မည်​မ​ဟုတ်​။


ထို​သူ​သည် မြင့်ရာအရပ်​၌ နေ​ရ​လိမ့်မည်​။ ခိုင်ခံ့​သော​ကျောက်တောင်​၌ ခိုလှုံ​ရ​၍ သူ့​အား အစားအစာ​ပေး​ကြ​၏​။ သူ​၌ သောက်ရေ​မပြတ်​။


ထိုသို့ ငါ​သည်​အပြစ်​ဝန်ချ​၍ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​သည်​မှာ “​အို ဘုရားရှင်​၊ ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့ဖွယ်​သော​ဘုရား​ဖြစ်​ပါ​၏​။ ကိုယ်တော့်​ကို​ချစ်​၍ ပညတ်တော်​တို့​ကို စောင့်ထိန်း​သော​သူ​တို့​အပေါ် ကိုယ်တော်​၏​ပဋိညာဉ်​တော်​နှင့် မေတ္တာကရုဏာ​တော် တည်​ပါ​၏​။


ဤသည်ကား ငါ​တို့​၏​ဘိုးဘေး​များ​အပေါ် ကရုဏာ​တော်​ကို​ပြသ​တော်မူ​ရန်​နှင့် ငါ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်နုတ်​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ရှေ့​တော်​၌ သန့်ရှင်း​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​တို့​ဖြင့် ကိုယ်တော်​ကို ဝတ်ပြု​ရ​သော​အခွင့်​ပေး​မည်​ဟု ငါ​တို့​အဖ​အာဗြဟံ​အား တိုင်တည်​၍​မိန့်​တော်မူ​သည့် ကတိ​သစ္စာ​တည်းဟူသော ကိုယ်တော်​၏​သန့်ရှင်း​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ရန်​ဖြစ်​၏။


အကြောင်းမူကား ဤ​လောက​ရှိ လူမျိုးခြား​အပေါင်း​တို့​သည် ဤ​အရာ​များ​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် သင်​တို့​အဖ​သည် ဤ​အရာ​များ​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ