နန်းတွင်းသက်ကြီးဝါကြီးတို့သည် သူ့အနားတွင်လာရပ်၍ သူ့ကို မြေပြင်မှထူမပေးလိုသော်လည်း ဒါဝိဒ်မင်းကြီးကား အလိုမရှိ။ သူတို့နှင့်လည်း အစာမစားဘဲ နေ၏။
ဆာလံ 102:4 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏စိတ်နှလုံးသည် မြက်ပင်ကဲ့သို့ အထိအခိုက်ခံရ၍ ခြောက်သွေ့လျက်ရှိသဖြင့် အကျွန်ုပ်သည် အစာစားရန်ပင် မေ့လျော့ပါ၏။ Common Language Bible ကျွန်တော်မျိုးသည်မြက်ပင်ကဲ့သို့အထိအခိုက် ခံရ၍ညှိုးနွမ်းလျက်ရှိပါ၏။ ကျွန်တော်မျိုးမှာအစားစားချင်စိတ်မရှိ တော့ပါ။ Garrad Bible နှ လုံး သည် မြက် ပင် ကဲ့ သို့ ထိ ခိုက် ညှိုး နွမ်း လျက်၊ အ စား အ သောက် ကို ပင် မေ့ လျော့ ပါ ၏။ Judson Bible အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့အထိအခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်းကိစ္စကိုပင် မေ့လျော့တတ်ပါ၏။ |
နန်းတွင်းသက်ကြီးဝါကြီးတို့သည် သူ့အနားတွင်လာရပ်၍ သူ့ကို မြေပြင်မှထူမပေးလိုသော်လည်း ဒါဝိဒ်မင်းကြီးကား အလိုမရှိ။ သူတို့နှင့်လည်း အစာမစားဘဲ နေ၏။
ထို့နောက် ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့မှ ဧလျာရှိပ်၏သားယေဟောဟနန်အခန်းသို့ ထသွား၍ ထိုနေရာတွင် ဖမ်းခေါ်သွားခြင်းခံရရာမှပြန်လာသောသူတို့၏ဖောက်ပြန်မှားယွင်းမှုကြောင့် ငိုကြွေးမြည်တမ်းလျက် အစာမစား၊ ရေမသောက်ဘဲနေ၏။
ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
ငါ့အရေပြားများ ညိုမဲသွားပြီး ကွာကျကုန်ပါပြီ။ ငါ့ကိုယ်ခန္ဓာသည်လည်း အဖျားကြောင့် ပူခြစ်လျက်ရှိပါ၏။
ထို့ကြောင့် သူ့စိတ်သည် အစားအစာကို ရွံရှာ၍ သူ့ဝိညာဉ်သည် စားကောင်းသောက်ဖွယ်ကို ရွံရှာ၏။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
အကျွန်ုပ်၏နေ့ရက်များသည် ညနေစောင်းအရိပ်ကဲ့သို့ဖြစ်၍ အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ခြောက်သွေ့သွားပါ၏။
အကယ်စင်စစ် အကျွန်ုပ်သည် ပြာကိုအစာအဖြစ်စားရပါ၏။ အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်နှင့်ရောစပ်ရပါ၏။
အကြောင်းမူကား သူတို့သည် မြက်ပင်ကဲ့သို့ လျင်မြန်စွာညှိုးခြောက်၍ စိမ်းလန်းသောမြက်နုကဲ့သို့ ညှိုးနွမ်းကြလိမ့်မည်။
အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ ညှိုးငယ်လျက်ရှိပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ဂျော်ဒန်မြစ်ဝှမ်းနှင့် ဟေရမုန်တောင်ရိုးတို့မှလည်းကောင်း၊ မိဇရတောင်မှလည်းကောင်း ကိုယ်တော်ကိုအောက်မေ့ပါ၏။
ကဲ့ရဲ့ပြစ်တင်ခြင်းသည် အကျွန်ုပ်၏စိတ်နှလုံးကိုကျိုးပဲ့စေ၍ အကျွန်ုပ်သည် အလွန်စိတ်ပျက်အားငယ်လျက်ရှိပါ၏။ အကျွန်ုပ်သည် စာနာထောက်ထားမည့်သူကို စောင့်မျှော်သော်လည်း မရှိခဲ့ပါ။ နှစ်သိမ့်ပေးမည့်သူများကိုရှာသော်လည်း မတွေ့ခဲ့ပါ။
ငါသည် ဘုရားသခင်ကိုအောက်မေ့၍ မငြိမ်မသက်ဖြစ်၏။ ငါတွေးတောဆင်ခြင်သောအခါ ငါ၏စိတ်ဝိညာဉ်သည် ညှိုးငယ်၏။(စေလာ)
ထာဝရဘုရားအသက်ရှူထုတ်လိုက်သောအခါ မြက်ပင်သည် ခြောက်သွေ့၍ ပန်းပွင့်သည် ညှိုးနွမ်းသွား၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။