ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ယိုယွင်းပျက်စီးလျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်တွင် လူအပေါင်းတို့သည် အကျင့်စရိုက်ယိုယွင်းပျက်စီးလျက်ရှိ၏။
ဆာလံ 10:5 - မြန်မာ့စံမီသမ္မာကျမ်း သူ၏လမ်းခရီးတို့သည် အစဉ်အမြဲချောမွေ့နေတတ်၏။ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် သူနှင့်အလှမ်းဝေးသည့် မြင့်သောအရပ်၌ရှိ၏။ သူသည် မိမိရန်သူရှိသမျှတို့ကို ပြောင်လှောင်တတ်၏။ Common Language Bible သူယုတ်မာသည်ပြုလေသမျှသောအမှုတို့တွင် အောင်မြင်တတ်သဖြင့် ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူသောအမှု တို့ကို သိမြင်နားလည်နိုင်စွမ်းမရှိ။ ရန်သူများကိုလည်းပြက်ရယ်ပြုတတ်၏။ Garrad Bible မ မြင် သာ အောင် စီ ရင် ဆုံး ဖြတ် တော် မူ ချက် မြင့် လှ ရာ တွင်၊ အ ခါ ခပ် သိမ်း အ ကြံ မြောက် သ ဖြင့်၊ ရန် ဘက် ရှိ သ မျှ တို့ အား မ ထီ မဲ့ မြင် ပြု တတ် ၏။ Judson Bible အစဉ်ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရားစီရင်တော်မူချက်တို့သည် သူနှင့်ဝေးမြင့်သည်ဖြစ်၍ ခပ်သိမ်းသောရန်သူတို့ကို မထီမဲ့မြင်ပြုတတ်ပါ၏။ |
ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ယိုယွင်းပျက်စီးလျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်တွင် လူအပေါင်းတို့သည် အကျင့်စရိုက်ယိုယွင်းပျက်စီးလျက်ရှိ၏။
တစ်ခါသော် ရှင်ဘုရင်နှင့် သူ့လူတို့သည် ပြည်သားရင်း ယေဗုသိလူမျိုးတို့နေထိုင်ရာ ဂျေရုဆလင်မြို့သို့ ချီတက်ကြ၏။ ထိုသူတို့က “ဒါဝိဒ်သည် ဤမြို့ထဲသို့ ဝင်နိုင်မည်မဟုတ်”ဟု ထင်မှတ်သောကြောင့် ဒါဝိဒ်မင်းကြီးအား “သင်သည် ဤပြည်ထဲသို့ မဝင်ရ။ မျက်မမြင်သူများ၊ ခြေမသန်သူများကပင် သင့်ကို နှင်ထုတ်ကြလိမ့်မည်”ဟု ဆိုကြ၏။
ထိုအခါ အစ္စရေးဘုရင်အာဟပ်မင်းကြီးထံသို့ ပရောဖက်တစ်ပါး ရောက်လာပြီး “ထာဝရဘုရားက ‘ဤစစ်သည်ထုကြီးကို သင်မြင်သလော။ ယနေ့ သူတို့ကို သင့်လက်သို့ အပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ဆိုးယုတ်သောသူတို့ကောင်းစားကြသည်ကိုငါမြင်၍ ဝါကြွားတတ်သောသူတို့ကို ငါငြူစူမိသောကြောင့်ဖြစ်၏။
မတရားသောအကျိုးစီးပွားကို တပ်မက်သောသူတိုင်း၏လမ်းတို့သည် ထိုကဲ့သို့ဖြစ်ကြ၏။ ထိုသို့သောအကျိုးစီးပွားသည် ၎င်းကိုပိုင်ဆိုင်သောသူတို့၏အသက်ကို နုတ်ယူတတ်၏။
အသက်ရှင်ခြင်းလမ်းသည် ပညာသတိရှိသောသူကို အထက်အရပ်သို့ပို့ဆောင်ပေး၏။ ထိုသို့အားဖြင့် သူသည် အောက်မရဏာနိုင်ငံမှဖယ်ခွာနိုင်မည်ဖြစ်၏။
သူတို့သည် ဖြောင့်မှန်သောလမ်းစဉ်တို့ကိုစွန့်ပယ်၍ မှောင်မိုက်သောလမ်းတို့၌ လျှောက်လှမ်းသောသူများ၊
ကွေ့ကောက်သောလမ်းစဉ်နှင့် သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူများဖြစ်ကြ၏။
မကောင်းမှုပြုသောသူတို့ကိုမငြူစူနှင့်။ သူတို့နှင့်ပေါင်းဖော်ရန်လည်း အလိုမရှိနှင့်။
ဆင်းရဲသောသူတို့၏အမှုကို ရှောင်လွှဲဖို့၊ အဖိနှိပ်ခံရသော ငါ၏လူမျိုးတော်၏အခွင့်အရေးကို ပိတ်ပင်ဖို့၊ မုဆိုးမတို့ကို သားကောင်ဖြစ်စေဖို့၊ မိဘမဲ့တို့၏ဥစ္စာကိုလုယူဖို့ မတရားသောဥပဒေကို ပြဋ္ဌာန်းသောသူနှင့် ကြပ်တည်းသောစည်းမျဉ်းကိုရေးဆွဲသောသူတို့သည် အမင်္ဂလာရှိကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
သင်တို့က “ငါတို့သည် သေခြင်းနှင့် ပဋိညာဉ်ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် သဘောတူညီမှု ပြုကြပြီ။ လွှမ်းမိုးသောဘေးဆိုးဖြတ်သွားသည့်အခါ ငါတို့ထံလာမည်မဟုတ်။ အကြောင်းမူကား ငါတို့သည် လိမ်လည်မှုကို ငါတို့၏ခိုလှုံရာဖြစ်စေလျက် မုသားထဲ၌ ပုန်းနေကြပြီ”ဟု ဆိုကြ၏။
ထို့ကြောင့် ကိုယ်တော်သည် ပြင်းစွာသောအမျက်တော်၊ ပြင်းထန်သောစစ်ပွဲကို သူတို့အပေါ် ကျရောက်စေတော်မူသဖြင့် သူတို့ပတ်လည်၌ မီးတောက်လောင်သော်လည်း သူတို့မသိမှတ်ကြ။ သူတို့ကိုမီးလောင်ကျွမ်းသော်လည်း သူတို့နှလုံးမသွင်းကြ။
သူတို့၏စားသောက်ပွဲများ၌ စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စပျစ်ဝိုင်တို့ပါရှိ၏။ သူတို့သည် ထာဝရဘုရားပြုသောအမှုကို အလေးမထားကြ။ ကိုယ်တော်၏လက်တော်ဖြင့်လုပ်သောအရာကိုလည်း မမြင်ကြ။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
သူတို့သည် ဂိဗာမြို့သားတို့လက်ထက်ကကဲ့သို့ အလွန်အကျင့်ပျက်ပြားကြ၏။ ကိုယ်တော်သည် သူတို့၏ဒုစရိုက်များကို မှတ်ထားပြီး သူတို့၏အပြစ်များကို ဒဏ်ခတ်တော်မူမည်။
သူတို့သည် လယ်ပြင်သို့သွား၍ စပျစ်ခြံမှ စပျစ်သီးများကို ဆွတ်ခူးကြ၏။ စပျစ်သီးများကို နင်းနယ်၍ ပျော်ပွဲကျင်းပကြ၏။ သူတို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စားသောက်လျက် အဘိမလက်ကို ကျိန်ဆဲကြ၏။
ထိုအခါ ဇေဗုလက ဂါလအား “သင်က ‘ငါတို့သည် အဘိမလက်ကိုအစေခံရမည့်အကြောင်း သူကား မည်သူနည်း’ဟု ပြောခဲ့သည်မှာ ယခု မည်သို့ ဖြစ်ပြီနည်း။ သင်သည် ထိုသူတို့ကို မထီမဲ့မြင်ပြုခဲ့သည်မဟုတ်လော။ ယခုသူ့ကို ထွက်တိုက်ပါလော့”ဟု ဆိုလေ၏။