Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 10:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဆိုးယုတ်​သော​သူ​သည် ဘဝင်မြင့်​၍ ကိုယ်တော်​ကို​မ​ရှာ​တတ်​။ “​ဘုရားသခင်​မ​ရှိ​”​ဟု အစဉ်​တွေးတော​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သူ​ယုတ်​မာ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဂ​ရု​မ​စိုက်​တတ်။ သူ​သည်​မာ​န​ထောင်​လွှား​လျက်​ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ်​ယူ​ဆ​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 မျက် နှာ မော် မောက် လျက်၊ စစ် ဆေး တော် မ မူ ဟူ၍ လည်း ကောင်း၊ ဘု ရား မ ရှိ ဟူ၍ လည်း ကောင်း၊ အ ခါ ခပ် သိမ်း အောက် မေ့ တတ် ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 မ​တ​ရား​သော​သူ​သည် မာ​န​ထောင်​လွှား​သော​ကြောင့်၊ မ​စဉ်း​စား​တတ်​ပါ။ ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ် အောက်​မေ့​တတ်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 10:4
30 ပူးပေါင်းရင်းမြစ်များ  

မြေကြီး​ပေါ်တွင် လူ​၏​မကောင်းမှု​များပြား​၍ လူ့​စိတ်နှလုံး​၏​တွေးတော​ကြံစည်မှု​ရှိသမျှ​တို့​သည် အစဉ်အမြဲ​ဆိုးညစ်ခြင်း​သက်သက်​သာ​ဖြစ်ကြောင်း​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။


သူ​တို့​က ဘုရားသခင်​အား ‘​ငါ​တို့​ထံမှ ထွက်သွား​လော့​။ အနန္တတန်ခိုးရှင်​သည် ငါ​တို့​အား မည်သို့​ပြု​နိုင်​မည်နည်း​’​ဟု ဆို​တတ်​ကြ​၏​။


မိမိ​၏​အိမ်နီးချင်း​ကို ကွယ်ရာ​တွင် မတရား​စွပ်စွဲ​ပြောဆို​သော​သူ​ကို အကျွန်ုပ်​ဖယ်ရှားသုတ်သင်​ပါ​မည်​။ ဘဝင်မြင့်​သော​မျက်နှာ​နှင့် မော်ကြွား​သော​စိတ်နှလုံး​ရှိ​သူ​ကို အကျွန်ုပ်​သည်းခံ​မည်​မ​ဟုတ်​ပါ​။


အကြောင်းမူကား ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​လူမျိုး​ကို ကယ်တင်​တော်မူ​၏​။ ထောင်လွှား​သော​မျက်နှာ​ကို​ကား နိမ့်ကျ​စေ​တော်မူ​၏​။


အကျွန်ုပ်​စိတ်နှလုံး​က “​ငါ​၏​မျက်နှာ​ကို​ရှာ​ကြ​လော့​”​ဟု ကိုယ်တော်​ကိုယ်စား​ဆို​သောအခါ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မျက်နှာ​တော်​ကို အကျွန်ုပ်​ရှာ​ပါ​မည်​။


ဆိုးယုတ်​သော​သူ​ကျူးလွန်​သော​အပြစ်​နှင့်​ပတ်သက်၍ ငါ​၏​စိတ်နှလုံး​အထဲ​မှ​မိန့်ကြား​တော်မူ​ချက်​မှာ “​သူ​၏​မျက်စိ​ရှေ့​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​မ​ရှိ​။


မိုက်မဲ​သော​သူ​က “​ဘုရားသခင်​မ​ရှိ​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​တတ်​၏​။ ထိုသို့သော​သူ​တို့​သည် အကျင့်ပျက်ပြား​၍ စက်ဆုပ်ရွံရှာ​ဖွယ်​ကောင်း​သော​မတရားမှု​ကို​ပြု​တတ်​ကြ​၏​။ ကောင်း​သော​အမှု​ကို ပြု​သော​သူ​မ​ရှိ​။


သူ​တို့​က “​ဘုရားသခင်​သည် မည်သို့​သိ​မည်နည်း​။ အမြင့်ဆုံး​သော​အရှင်​၌ အသိပညာ​ရှိ​ပါ​မည်လော​”​ဟု ဆို​တတ်​ကြ​၏​။


သို့သော် ဖာရော​မင်းကြီး​က “​ထာဝရဘုရား​၏​စကား​ကို​နားထောင်​၍ အစ္စရေး​လူမျိုး​တို့​ကို ငါ​လွှတ်​ရ​မည့်​အကြောင်း ထာဝရဘုရား​ကား မည်သူ​နည်း​။ ထာဝရဘုရား​ကို ငါ​မ​သိ​။ အစ္စရေး​လူမျိုး​တို့​ကို​လည်း ငါ​မ​လွှတ်​”​ဟု ဆို​လေ​၏​။


ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​တည်းဟူသော ထောင်လွှား​သော​မျက်နှာ​နှင့် မော်ကြွား​သော​စိတ်နှလုံး​တို့​သည် အပြစ်​ဖြစ်​၏​။


မျက်နှာ​အလွန်​ထောင်လွှား​၍ မိမိ​မျက်လွှာ​ကို ပင့်​ထား​သော​သူ​များ​ရှိ​၏​။


သို့မဟုတ်လျှင် အကျွန်ုပ်​သည် ပြည့်စုံကြွယ်ဝ​၍ “​ထာဝရဘုရား​သည် မည်သူ​နည်း​”​ဟု ဆို​လျက် ကိုယ်တော်​ကို​ငြင်းပယ်​မိ​ပါ​လိမ့်မည်​။ သို့တည်းမဟုတ် အကျွန်ုပ်​သည် ဆင်းရဲ​၍​ခိုးယူ​ကာ အကျွန်ုပ်​ဘုရားသခင်​၏​နာမ​တော်​ကို ထိခိုက်​မိ​စေ​ပါ​လိမ့်မည်​။


ထောင်လွှား​သော​မျက်နှာ​၊ မုသားသုံး​သော​လျှာ​၊ အပြစ်ကင်း​သော​သူ​ကို​သတ်ဖြတ်​သော​လက်​၊


မကောင်း​သော​အမှု​အတွက် စီရင်ချက်​အလျင်အမြန်​မ​ချမှတ်​သောကြောင့် လူသား​တို့​၏​စိတ်နှလုံး​သည် မကောင်းမှု​ပြု​လို​သော​သဘော​နှင့် ပြည့်ဝ​လျက်​ရှိ​၏​။


ထို​နေ့ရက်​တွင် မျက်နှာ​မောက်မာ​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်း​သာ ချီးမြှောက်​ခြင်း​ခံရ​မည်​။


သူ​တို့​၏​မျက်နှာထား​သည် သူ​တို့​ကို သက်သေခံ​နေ​၏​။ သူ​တို့​သည် မိမိ​တို့​အပြစ်​ကို​ထိမ်ဝှက်​မ​ထား​ဘဲ သောဒုံ​မြို့​ကဲ့သို့ ပြောကြား​ကြ​၏​။ မကောင်းမှု​ကို ကိုယ့်​အပေါ်​ကိုယ် ကျရောက်​စေ​ကြ​သောကြောင့် သူ​တို့​၏​စိတ်ဝိညာဉ်​သည် အမင်္ဂလာ​ရှိ​၏​။


သူ​တို့​ခြေ​သည် မကောင်းမှု​ရှိ​ရာ​သို့ ပြေးသွား​တတ်​၏​။ သူ​တို့​သည် အပြစ်မဲ့​သော​သူ​အား သတ်ဖြတ်​ရန် လျင်မြန်​၏​။ သူ​တို့​၏​အကြံ​သည် မကောင်း​သော​အကြံ​ဖြစ်​၏​။ သူ​တို့​သွား​ရာ​လမ်း​၌ ပျက်စီး​ပြိုပျက်​ခြင်း​ရှိ​၏​။


မိမိ​တို့​အကြံအစည်​အတိုင်း မ​ကောင်း​သော​လမ်း​၌​လျှောက်လှမ်း​လျက် ဆန့်ကျင်​ပုန်ကန်​တတ်​သော လူမျိုး​တို့​ထံသို့ တစ်နေ့လုံး ငါ့​လက်​ကို ကမ်း​လျက်​နေ​၏​။


ယခု​မျိုးဆက်​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ဆင်ခြင်​ကြ​လော့​။ ငါ​သည် အစ္စရေး​လူမျိုး​အဖို့ တောကန္တာရ​ကဲ့သို့ ဖြစ်​ဖူး​သလော​။ အမှောင်ထု​လွှမ်း​သော​ပြည်​ကဲ့သို့ ဖြစ်​ဖူး​သလော​။ ငါ​၏​လူမျိုး​တော်​က ‘ငါ​တို့​သည် လွတ်လပ်​သော​သူ​ဖြစ်​၏​။ ကိုယ်တော်​ထံ ပြန်​မ​လာ​တော့​ပါ’​ဟု အဘယ်ကြောင့်​ဆို​ကြ​သနည်း​။


အို ဂျေရုဆလင်​မြို့​၊ ကယ်တင်​ခြင်း​ခံရ​ရန် ဆိုးညစ်​သော​သင်​၏​စိတ်နှလုံး​ကို သန့်ရှင်းစင်ကြယ်​စေ​လော့​။ ယုတ်ညံ့​သော​အကြံအစည်​များ​ကို သင့်​စိတ်​ထဲ​၌ မည်မျှ​ကြာ​အောင် ရှိ​နေ​စေ​မည်နည်း​။


ထို​ကာလ​၌ ငါ​သည် ဂျေရုဆလင်​မြို့​ကို မီးအိမ်​ထွန်း​၍ ရှာဖွေ​မည်​။ ‘ထာဝရဘုရား​သည် အကောင်း​ကို​လည်း မ​ပြု​၊ အဆိုး​ကို​လည်း မ​ပြု’​ဟု စိတ်ထင်​လျက် မိမိဘာသာ​အားရကျေနပ်​နေ​သော​သူ​တို့​ကို ဒဏ်ခတ်​မည်​။


စိတ်နှလုံး​နှိမ့်ချ​၍ စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​သော​ပြည်သူပြည်သား​အပေါင်း​တို့​၊ ထာဝရဘုရား​ကို​ရှာ​ကြ​လော့​။ ထာဝရဘုရား အမျက်​တော်​ကျရောက်​သော​နေ့​တွင် အကွယ်အကာ​ရ​ကောင်း​ရ​နိုင်​သည်​ဖြစ်၍ ဖြောင့်မတ်​ခြင်း​ကို​ရှာ​ကြ​လော့​။ စိတ်နှိမ့်ချ​ခြင်း​ကို​လည်း ရှာ​ကြ​လော့​။


အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ လူ​သတ်​ခြင်း၊


ထို့ကြောင့် သင်​၌​ရှိ​သော ဤ​မကောင်းမှု​အတွက် နောင်တရ​လျက် သခင်​ဘုရား​ထံ​ဆုတောင်း​လော့။ သို့ပြုလျှင် သင့်​စိတ်နှလုံး​၏​အကြံအစည်​အတွက် သင်​သည် ခွင့်လွှတ်​ခြင်း​ခံရ​ကောင်း​ခံရ​လိမ့်မည်။


အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​သိ​လျက်​နှင့်​ပင် ဘုရား​အဖြစ်​ဘုန်း​တော်​ကို​မ​ချီးမွမ်း၊ ကျေးဇူး​လည်း​မ​တင်​ကြ​ပေ။ သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​သည် အချည်းနှီး​ဖြစ်​သွား​၍ သူ​တို့​၏​အသိတရား​ကင်းမဲ့​သော​စိတ်နှလုံး​ကို​လည်း အမှောင်​ဖုံးလွှမ်း​လေ​၏။


ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။


ထို​အချိန်​က သင်​တို့​သည် ခရစ်တော်​နှင့်​ကင်းကွာ​၍ အစ္စရေး​အမျိုးသား​စာရင်း​မ​ဝင်၊ ကတိ​တော်​နှင့်ဆိုင်သော​ပဋိညာဉ်​များ​နှင့်​မသက်ဆိုင်၊ ဤ​လောက​၌​မျှော်လင့်​ခြင်း​မ​ရှိ၊ ဘုရား​မဲ့​လျက်​နေ​ခဲ့​ကြ​၏။


သင်​သည် မာနထောင်လွှား​၍ ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင့်​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သော​အရှင်​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ