၃ ရာ 20:13 - မြန်မာ့စံမီသမ္မာကျမ်း
13 ထိုအခါ အစ္စရေးဘုရင်အာဟပ်မင်းကြီးထံသို့ ပရောဖက်တစ်ပါး ရောက်လာပြီး “ထာဝရဘုရားက ‘ဤစစ်သည်ထုကြီးကို သင်မြင်သလော။ ယနေ့ သူတို့ကို သင့်လက်သို့ အပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ဤအတောအတွင်း၌ပရောဖက်တစ်ပါးသည် အာဟပ်မင်းထံသို့သွား၍``ထာဝရဘုရား ကသင့်အား`ထိုကြီးမားသည့်စစ်သည်အလုံး အရင်းကိုမြင်၍မကြောက်နှင့်။ ယနေ့သင့် အားထိုတပ်မတော်ကြီးကိုဖြိုခွင်းခွင့်ငါ ပေးမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သင်သိရလိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ထို အ ခါ ဣ သ ရေ လ ဘု ရင် အာ ဟပ် မင်း ထံ ပ ရော ဖက် တစ် ပါး ချဉ်း လာ၍ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို ဆင့် ဆို သည် ကား ကြီး စွာ သော ထို အ လုံး အ ရင်း ကို မြင် ၏ လော။ သင့် လက် သို့ ယ နေ့ အပ် မည့် အ လျောက် ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် သိ ရ လိမ့် မည် ဟု ဆင့် ဆို လျှင်
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ထိုအခါ ပရောဖက်တစ်ပါးသည် ဣသရေလရှင်ဘုရင်အာဟပ်ထံသို့လာ၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို မြင်ပြီလော။ သင့်လက်၌ ယနေ့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အမိန့်တော်ကိုဆင့်ဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ